Main menu

Background

တစ်ပတ်အတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှုအခြေအနေ

Mon, 01/01/2024 - 10:38 -- journal_editor

ဓာတ်မြေသြဇာ
ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ  ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ    အမေရိကန်ဒေါ်လာ၁၂ ဒသမ ၅၀၁  သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၃၅၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် အိုမန် နိုင်ငံမှတန်ချိန် ၂၀ဝ၀ဝ ကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၁၀ဝ၀ဝ ခန့်၊  ဗီယက်နမ်နိုင်ငံမှ  တန်ချိန် ၃၂၀ဝ ကျော်၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၁၅၀ဝ ကျော်၊ ဂျာမနီ နိုင်ငံမှ တန်ချိန် ၅၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံး ကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဓာတ်မြေ သြဇာ တန်ချိန် ၂၀ဝ၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။
ဘိလပ်မြေ
ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၈၈ သန်း တန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၅၀ဝ ကျော် မလေးရှားနိုင်ငံမှ  တင်သွင်းခဲ့သည်။ 
နယ်စပ်မှ ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၁၁၇ သန်း  တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၁၄၀ဝ ကျော်  ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်မှ ဘိလပ်မြေတန်ချိန် ၆၀ဝ ခန့် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။                                                    

  အိမ့် (DOT)