Main menu

Background

တစ်ပတ်အတွင်း နို့ဆီ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Mon, 01/01/2024 - 10:39 -- journal_editor

နို့ဆီ
ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ  ကာလအတွင်း ပင်လယ်ရေကြောင်း   ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၄၉  သန်း  တန်ဖိုးရှိ  နို့ဆီ တန်ချိန် ၂၀ဝ ကျော် အား စင်ကာပူနိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလ နှင့်နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ နို့ဆီတန်ချိန် ၁၀ဝ‌ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။ 
နို့မှုန့်
ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ သုည ဒသမ ၁၇၂ သန်း တန်ဖိုးရှိ နို့မှုန့် တန်ချိန် ၅၀ ကျော် နယူးဇီလန်နိုင်ငံမှ တင်သွင်းခဲ့သည်။  အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ နို့မှုန့် တန်ချိန် ၁၅၀  ကျော်  လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
ဆေးဝါးပစ္စည်းများ
ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၁၁  ဒသမ ၄၉၆ သန်း တန်ဖိုးရှိ ဆေးဝါး ပစ္စည်းများ တန်ချိန် ၄၀ဝ ခန့် တင်သွင်းခဲ့သည်။ 
ယခုတစ်ပတ်တွင် အာဂျင်တီးနား၊ ဘယ်ဂျီယံ၊ ဆွစ်ဇာ လန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီး နိုင်ငံ၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေ ဒေါနိုင်ငံ၊  ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင် ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။ 
အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေ ကြောင်းမှ ဆေးဝါးပစ္စည်းများ တန်ချိန် ၅၀  ကျော်  လျော့နည်း တင်သွင်းခဲ့ကြောင်း သိရသည်။                                           
             

အိမ့် (DOT)