Main menu

Background

မြန်မာနိုင်ငံမှ ကြက်သွန်နီကို ဘင်္ဂလားဒေ့ရှ်က ဝယ်ယူရန်စတင်နိုင်ဖွယ်ရှိ

Mon, 01/01/2024 - 11:29 -- journal_editor

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြက်သွန်နီဈေးကွက်မှာ တစ် ကီလိုလျှင် တာကာ ၁၀ဝ ဝန်းကျင်ရှိရာမှ ပြီးခဲ့သည့် တစ်ပတ် အတွင်းမှစ၍ တစ်ကီလိုလျှင် တာကာ ၁၂၀ မှ ၁၈၀ အတွင်း (အရည်အသွေးပေါ်မူတည်၍) မြင့်တက်လာခဲ့သည်။ 
ဆက်လက်၍  အိန္ဒိယနိုင်ငံမှ ၂၀၂၃ ခုနှစ် ၊ အောက်တို ဘာလမှစတင်ပြီး ကြက်သွန်နီ တင်ပို့ရာတွင် ပို့ကုန်အခွန်ကို  ၄၀ ရာခိုင်နှုန်း ထိကောက်ခံခြင်းနှင့်  တစ်တန်လျှင် တင်ပို့ဈေး နှုန်းကို အနိမ့်ဆုံးဈေး အမေရိကန်ဒေါ်လာ ၈၀ဝ သတ်မှတ် သည့် ကန့်သတ်ချက်ထုတ်ပြန်သည့်  အချိန်နောက်ပိုင်းမှစတင် ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကြက်သွန်နီ တစ်ကီလိုလျှင် တာကာ ၂၂၀ အထိ မြင့်တက်လျက်ရှိနေသည်။   
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စားသုံးသူများသည် ယင်းတို့၏ ပြည်တွင်းမှ ထုတ်လုပ်သော ကြက်သွန်နီ နှင့် အိန္ဒိယနိုင်ငံမှ တင်သွင်းသည့် ကြက်သွန်နီများကို ပိုမိုနှစ်သက်ကြသဖြင့် ကြက်သွန်နီ တင်သွင်းသူများသည် အိန္ဒိယနိုင်ငံမှ ကြက်သွန်နီ များကိုသာ ပိုမိုတင်သွင်းလေ့ရှိသည်။ သို့သော် အိန္ဒိယနိုင်ငံ မှ ကြက်သွန်နီတင်ပို့မှုများကို ကန့်သတ်သည့် ထုတ်ပြန်ချက်ကို  ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်အထိ ရက်တိုးမြှင့်လိုက်ကြောင်းကို ဒီဇင်ဘာ ၈ ရက်တွင် ထပ်မံကြေညာလိုက်သဖြင့်  ဘင်္ဂလား ဒေ့ရှ်နိုင်ငံအနေဖြင့် ကြက်သွန်နီ တင်သွင်းနိုင်မည့် တခြား ဈေးကွက်များကို ရှာဖွေရန် လိုအပ်နေသည်။ ဒီဇင်ဘာလ အတွင်း  တရုတ်နိုင်ငံနှင့်  ပါကစ္စတန်နိုင်ငံမှ ကြက်သွန်နီ တန်ချိန် ၅၈ တန်ခန့်စီ တင်သွင်းခဲ့ကြောင်းသိရှိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မီးဖိုချောင်သုံးပစ္စည်းများရောင်း ဝယ်သည့် ဆိုင်များတွင်လည်း ကြက်သွန်နီများ ပြတ်လပ်နေ ပြီး ပြည်တွင်း ရာသီသီးနှံအသစ်များလည်း မပေါ်သေး သည့် ကာလဖြစ်နေခြင်းနှင့်   တခြားနိုင်ငံဈေးကွက်များမှလည်း ကြက်သွန်နီတင်သွင်းမှုများ နည်းပါးသောကြောင့်   ကြက်သွန် နီဈေးနှုန်းသည် ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်နေသဖြင့် မြန်မာ နိုင်ငံမှ ကြက်သွန်နီဝယ်ယူရေးကို ပြန်လည် စတင်နိုင်ကြောင်း သိရသည်။
ရင်းမြစ်- the business standard Tridge.com

နှစ်ကုန်သွယ်မှုဆက်ဆံရေးဌာနခွဲ