Main menu

Background

မွန်ပြည်နယ်မှ ဝဥတင်ပို့မှု အခြေအနေ

Mon, 01/01/2024 - 11:32 -- journal_editor

မွန်ပြည်နယ်သည် ဝဥစိုက်ပျိုးထွက်ရှိရာ ပြည်နယ်တစ်ခုဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဝဥစိုက်ပျိုးမှု ဧက ၅၁၀ရှိပြီး ထွက်ရှိမှု ၉၅၀ တန်ထွက်ရှိကြောင်း မွန်ပြည်နယ်၏ မြေစာရင်းဦးစီးဌာနမှ သိရှိရသည်။ ဝဥထွက်ရှိသော ကာလမှ စက်တင်ဘာလမှ ဒီဇင်ဘာလအထိဖြစ်ပြီး ဝဥ အသီး၊ အစိုများကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတို့မှဝယ်ယူရရှိကြောင်း၊ မွန်ပြည်နယ်မှ ဝဥအစိုများသည်လည်း ပဲခူး၊ တောင်ငူ၊ မန္တလေးသို့ စီးထွက်မှုများလည်းရှိသည်။
မွန်ပြည်နယ်တွင် ဝဥစက်ရုံ ငါးရုံရှိရာ တစ်ရုံမှာရပ်နားထားပြီး လေးရုံသာလည်ပတ်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ ဝဥစက်ရုံများ လေးရုံမှ ဝဥအခြောက် တန်ချိန် ၂၀ဝ၀ ခန့် တန်ဖိုး အမေရိကန်ဒေါ်လာ ၃ သန်းခန့် နှစ်စဉ်တင်ပို့လျက်ရှိပြီး မွန် ပြည်နယ်မှ အခြားတိုင်းနှင့်ပြည်နယ်ရှိ စက်ရုံများသို့ ဝဥအစိုများတင်ပို့မှုများရှိရာ အခြောက်တန်အားဖြင့် ၂၅၀ဝ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂သန်းခန့်ရှိကြောင်း မွန်ပြည်နယ် ဝဥအသင်းဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ဝဥအခြောက်များကို တရုတ်နိုင်ငံ ရှန်ဟိုင်းဆိပ်ကမ်းသို့ ပင်လယ်ရေကြောင်းဖြင့် တင်ပို့ပြီး ၁kg ကို ရှန်ဟိုင်း ဆိပ်ကမ်း ရောင်းဈေး ၁၅ ယွမ်ရှိကြောင်း၊ သိရသည်။ ဝဥအခြောက်အဖတ်များကို တရုတ်နိုင်ငံသို့ တင်ပို့ပြီး ဝဥအမှုန့်များကို ဂျပန်နိုင်ငံသို့ တင်ပို့ပြီး ၂၀၂၃ ခုနှစ်တွင်  FOB ဈေးနှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၀ဝ ရှိကြောင်း  မွန်ပြည်နယ် ဝဥအသင်း ဥက္ကဋ္ဌက ပြောကြားခဲ့သည်။                                                                                                                                        

မိုးမိုး(မွန်)