Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်၏ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 01/01/2024 - 11:33 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက် ထိ လုပ်ငန်းဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ၂ ဒသမ ၁၅၀ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၃၅ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၉၈၅ သန်းဖြစ် သည်။
အနီးစပ်ဆုံးကာလ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၁၀  သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ၃၄၄ သန်းပိုမိုခဲ့သောကြောင့် ကုန် သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ  ၁ဒသမ ၈၅၄ သန်း ပိုမိုခဲ့ကြောင်း သိရသည်။  
ပို့ကုန်ပိုင်းတွင် ယခင်ပတ်ထက် လယ်ယာထွက်ကုန်ပစ္စည်း အုပ်စု၊ စက်မှုကုန်ချောပစ္စည်း၊ အခြားပစ္စည်းများတင်ပို့မှုပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် ယခင်ပတ်ထက် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအုပ်စုတွင် တင် သွင်းမှုလျော့နည်းခဲ့သော်လည်း လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများအုပ်စု၊ လူသုံးကုန်ပစ္စည်းအုပ်စုတို့ တင်သွင်းမှု ပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။ 

အိမ့် (DOT)