Main menu

Background

တာချီလိတ် ကုန်သွယ်ရေးစခန်း၏ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 01/01/2024 - 11:34 -- journal_editor

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်ထိ လုပ်ငန်းဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၄၂ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၉၉၂ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိ ကန်ဒေါ်လာ ၁ ဒသမ ဝ၃၄ သန်းဖြစ်သည်။
အနီးစပ်ဆုံးကာလ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ဝ၄၂ သန်းပိုမိုခဲ့ပြီး သွင်း ကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၉၉၂ သန်းပိုမိုခဲ့သော ကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ  ၁ဒသမ ဝ၃၄ သန်း ပိုမိုခဲ့ကြောင်းသိရသည်။  
ပို့ကုန်ပိုင်းတွင် ယခင်ပတ်ထက် ကော်ဖီစေ့၊ ကြက်သွန်ဖြူ၊ အလူမီနီယမ် ဖြတ်စ တင်ပို့မှုလျော့နည်းခဲ့သော်လည်း လိမ္မော်သီး၊ ကြက်သွန်နီ၊ လက်ဖက် ခြောက်၊ ထောပတ်သီး၊ စက္ကူဖြတ်စ၊ ပလတ်စတစ်ဖြတ်စ တင်ပို့မှုပိုမိုခဲ့ခြင်း ကြောင့် ပို့ကုန်ပိုင်းတွင် အနီးစပ်ဆုံးကာလထက်ပိုမိုခြင်းဖြစ်သည်။ 
သွင်းကုန်ပိုင်းတွင် ယခင်ပတ်ထက်  စက်နှင့်စက်ပစ္စည်းများ၊ ဖန်၊ ဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေး ပစ္စည်းများ၊ သုတ်ဆေး၊ ပေါလစ်များ၊ အခြားစက္ကူများ၊ သတ္တုကုန်ကြမ်း ပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သော်လည်း  ဘိလပ်မြေ၊ တွင်းထွက် ဆောက်လုပ်ရေးပစ္စည်းများ၊ စက်ဘီးအပိုပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ ဓာတုဗေဒ  ပစ္စည်းများ၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ တာယာနှင့် ကျွတ်များ၊  ဆပ်ပြာများ၊ အားကစားပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ ပိုမိုတင်သွင်းခဲ့ခြင်းကြောင့် သွင်းကုန်တန်ဖိုး ပိုမိုရခြင်းဖြစ်သည်။ 

 

အိမ့် (DOT)