Main menu

Background

ရေထွက်အုပ်စု ဂျင်းခရု

Mon, 01/01/2024 - 11:36 -- journal_editor

နေလကောင်းကင်ကုမ္ပဏီမှ      ကော့သောင်းခရိုင်အတွင်း ပုလုံးတုံးတုံးကျွန်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ စတင်၍ ဂျင်းခရု မျိုးပေါက်များ ၂၀ ကီလိုတစ် ခြင်းလျှင် ကျပ်  တစ်သိန်း (ယခု ကျပ် ငါးသိန်း) ကျပ်သိန်း ၉၀ဝ၀ ဖိုးခန့်အား ရေပြင်ပေ  ၇၀ဝ ပတ် လည်တွင် မွေးမြူထားရှိပြီး ဂျင်းခရုများအတွက် သီးသန့်တကူးတက အစာကျွေးမွေးရန်မလိုအပ်ဘဲ အစာကို သဘာဝအလျောက် ရှာဖွေ စားသောက်ကြောင်း သိရှိရပြီး ဆလက်ကလက်ကျွန်းတွင်လည်း ဂျင်းခရု ဧက ၁၅၀  ကျော် မွေးမြူထားကြောင်း စုံစမ်းသိရသည်။  
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ရေကန်တောင် အုပ်စုအတွင်းရှိ ရေအေးရွာ၊ ကြက်ချောင်းရွာ၊ ရေငန်တောင်ရွာ တို့ဟာ ဖိုခနောက်ဆိုင်အဖြစ်တည်ရှိပြီး ရေအေးရွာတွင် ဧက  ၃၅၀ဝ၊ ကြက်ချောင်းရွာတွင် ဧက ၁၀ဝ၀၊ ရေငန်တောင်တွင် ဧက ၁၅၀ဝ  မှ ဂျင်းခရု၊ ရှပ်ခရု၊ စေတီခရု၊ ခရုလုံး စသည့်ခရုများ သဘာဝအလျောက် ထွက်ရှိပြီး ဘုတ်ပြင်းမြို့နယ် စဒိန်၊ ပရုံမော်ဒေသတွင်လည်း သဘာဝ အလျောက်ထွက်ရှိကြောင်း စုံစမ်းသိရှိရတယ်။ 
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ ရေထွက် ပို့ကုန်ပစ္စည်းနှင့် အခြားပို့ကုန်တင်ပို့နိုင်မှုမှာ  အမေရိကန်ဒေါ်လာ  ၁၄၃ ဒသမ ၃၆၁ ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ် ဧပြီလမှ ဒီဇင်ဘာလ ၂၇ ရက်အထိ ရေထွက်ပို့ကုန်ပစ္စည်းနှင့် အခြား ပို့ကုန်ပစ္စည်းတင်ပို့နိုင်မှုမှာ အမေရိကန်ဒေါ်လာ  ၁၁၅ ဒသမ ၇၄၁ ဒေါ်လာသန်းသာ တင်ပို့နိုင်သည်။
ကော့သောင်းကုန်သွယ်ရေးစခန်းအနေဖြင့်  ကုန်သွယ်မှု ပမာဏ လျာထားချက်ပြည့်မီကျော်လွန်စေရေးအတွက် ကုန်သည် လုပ်ငန်းရှင်များအား တွန်းအားပေးစည်းရုံး ဆောင်ရွက်လျက်ရှိပြီး အမည်သစ် ပို့ကုန်များအား အပူတပြင်းရှာဖွေခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်  ဒီဇင်ဘာလ  ၂၈  ရက်တွင် အမည်သစ်ပို့ကုန် ဂျင်းခရု တန်ချိန်အားဖြင့် ငါးတန်၊ တန်ဖိုးအားဖြင့်  ဒေါ်လာ ၁၂၅၀ဝ ဖိုးတင်ပို့ နိုင်ခဲ့သည်။ 
ဂျင်းခရု သားပေါက်တစ်ကီလိုလျှင် ဘတ် ၇၅၀ ဖြင့် တစ်ဖက် နိုင်ငံမှ ဝယ်ယူကြောင်း၊ တစ်ကီလိုလျှင် သားပေါက်ကောင်ရေ တစ် သိန်းမှ တစ်သိန်းခွဲအထိ ရှိကြောင်း၊ ဂျင်းခရုများ၊ ရှပ်ခရုများ လာမည့် ကာလများတွင်လည်း ဆက်လက် တင်ပို့သွားမည်ဖြစ်ကြောင်း သိရ သည်။                                          

 ကော့သောင်းကုန်သွယ်ရေးစခန်း