Main menu

Background

မွန်ပြည်နယ်ထွက် ကွမ်းသီးများ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် တရုတ်သို့ပါ တင်ပို့နိုင်ရန် ကြိုးစားနေ

Mon, 01/15/2024 - 10:46 -- journal_editor

မွန်ပြည်နယ်မှ စိုက်ပျိုးထွက်ရှိသည့် ကွမ်းသီးများကို ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ တို့အပြင် တရုတ်နိုင်ငံသို့ပါ တင်ပို့နိုင်ရန် ကြိုးစားနေပြီး လက်ရှိတွင် သက်ဆိုင်ရာ ဌာနများသို့   တင်ပြထားသည့် အဆင့်၌သာရှိနေသေးကြောင်း ယင်းပြည်နယ်ရှိ ကွမ်းသီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
အဆိုပါ ပြည်နယ်အတွင်း ကွမ်းသီးခြံ ဧက ငါးသောင်းကျော်အထိ စိုက်ပျိုး ထားရှိပြီး တစ်နှစ်လျှင် တန်ချိန် ကိုးသောင်းကျော် ထွက်ရှိကြောင်း သိရသည်။
ကွမ်းသီးကို တစ်ကြိမ် ရင်းနှီးစိုက်ပျိုးခြင်းဖြင့် နှစ်ပေါင်း ၃၀ ကျော်အထိ ဝင်ငွေ ရရှိနိုင်ကာ ပို့ကုန်အလားအလာရှိသည့် သီးနှံဖြစ်ကြောင်း သိရသည်။
နေရာဒေသမရွေး စိုက်ပျိုးနိုင်သည့် ကွမ်းသီးပင်သည် အခြားသီးနှံများနှင့် တွဲဖက် စိုက်ပျိုးပါက ဝင်ငွေတိုးနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။
မြန်မာနိုင်ငံ မွန်ပြည်နယ်သည် ကွမ်းသီးစိုက်ပျိုးထွက်ရှိမှု အများဆုံး ပြည်နယ် တစ်ခုဖြစ်ပြီး ယင်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တွင် ကွမ်းသီးစိုက်ပျိုးလျက် ရှိရာ ရေးမြို့နယ်၌ အများဆုံး စိုက်ပျိုးထွက်ရှိကြောင်း သိရသည်။
ရေးမြို့နယ်သည် မွန်ပြည်နယ်အတွင်း ကွမ်းသီး အဓိကစိုက်ပျိုးသည့် ဒေသ တစ်ခုဖြစ်ပြီး စိုက်ပျိုးဧက သိန်းနှင့်ချီရှိကြောင်း ဒေသခံ ကွမ်းသီးစိုက်တောင်သူများ ထံမှ သိရသည်။
ပြည်တွင်း၌ ကွမ်းသီးကို မွန်ပြည်နယ်အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ တွင်လည်း စိုက်ပျိုးပြီး  ပြည်တွင်းသာမက ပြည်ပနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကိုလည်း အဓိကထား တင်ပို့ရောင်းချလျက်ရှိကြောင်း သိရ သည်။

ပန်းဆု