Main menu

Background

ဒီဇင်ဘာလအတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ကျော်ရရှိ

Mon, 01/15/2024 - 10:51 -- journal_editor

ဆန်
ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၅၅ဒသမ ၅၂၇ သန်းတန်ဖိုးရှိ  ဆန်တန်ချိန် ၉၈၈၀ဝ ကျော်တင်ပို့သည်။ ဆန် တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ၆၄၅၄၀ ကျော်၊ အီးယူအဖွဲ့ ဝင်နိုင်ငံများသို့ ၁၀၇၈၀ ကျော်၊ အာဖရိကနိုင်ငံများသို့ ၂၃၅၀ဝ နှင့်  အ ာရပ်စော်ဘွားများပြည်ထောင်စုသို့ ဆန်တန်ချိန် အနည်း ငယ်တင်ပို့သည်။ 
ဆန်အများဆုံး တင်ပို့သော အာရှနိုင်ငံများမှာ အင်ဒိုနီးရှား နိုင်ငံသို့ ဆန်တန်ချိန် ၃၇၂၂၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန် ချိန် ၁၃၁၅၀ ကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၇၉၃၀၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၄၆၁၀ ကျော်၊ ဗီယက်နမ် နိုင်ငံသို့ ဆန်တန်ချိန် ၁၀၃၀၊ ဟောင်ကောင်သို့ ဆန်တန်ချိန် ၂၆၀၊ အရှေ့တီမောနိုင်ငံသို့  ဆန်တန်ချိန် ၂၆၀၊ သြစတြေးလျ နိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ ဆန်တန်ချိန် အနည်းငယ်  တင်ပို့ခဲ့ သည်။ 
အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တင်ပို့မှုများမှာ စပိန်နိုင်ငံ သို့ ဆန်တန်ချိန် ၂၈၇၀ ကျော်၊ ပိုလန်နိုင်ငံသို့ ဆန် ၂၈၅၈ တန်၊ ချက်သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၁၃၀၉ တန်၊ ဘူလ်ဂေးရီးယား နိုင်ငံသို့ ဆန် ၁၂၇၅တန်၊ ဆလိုဗေးနီးယားနိုင်ငံသို့ ဆန် ၈၃၈ တန်၊ အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၆၂၀ ကျော်၊ ဘယ်လ်ဂျီယံနိုင်ငံ သို့ ဆန်တန်ချိန် ၄၀ဝ၊ ခရိုအေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀ ကျော်၊ လစ်သူရေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၂၀ဝ နှင့် ရိုမေးနီး ယားနိုင်ငံသို့ ဆန်တန်ချိန် ၁၅၀ တင်ပို့ခဲ့သည်။ 
အာဖရိကနိုင်ငံများဖြစ်သော အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန် တန်ချိန် ၂၂၀ဝ၀၊ ကင်မရွန်းနိုင်ငံသို့ ဆန်တန်ချိန် ၁၀ဝ၀နှင့် တိုဂိုနိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝတင်ပို့ပြီး အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ ဆန်တန်ချိန် အနည်းငယ်တင်ပို့သည်။
ဒီဇင်ဘာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၆၅ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၄၄၆၀ ကျော် တင်ပို့သည်။  နည်းလမ်းနှစ်သွယ်မှ ဆန်တင်ပို့မှုတန်ချိန် ၁၁၃၂၆၀ ကျော်ရှိပြီး တန်ဖိုးအားဖြင့် အမေ ရိကန်ဒေါ်လာ ၆၃ ဒသမ ၆၉၂ သန်းရရှိသည်။ နိုဝင်ဘာလအတွင်း ဆန်တင်ပို့မှုနှင့်  နှိုင်းယှဉ်ပါက ဆန်တန်ချိန် နှစ်သောင်းကျော် ပိုမိုတင်ပို့ခဲ့သည်။ 
ဆန်ကွဲ
ဒီဇင်ဘာ ၁ရက်မှ ၃ရက်ထိကာလအတွင်း ပုံမှန်ကုန်သွယ် မှုလမ်းကြောင်းမှ  အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၆၂၃ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၉၁၀၃၀ ကျော် တင်ပို့သည်။ ဆန်ကွဲ တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၅၃၃၆၀ နှင့် ဥရောပနိုင်ငံများသို့   ဆန်ကွဲတန်ချိန် ၃၇၆၇၀ တင်ပို့သည်။ ဆန်ကွဲတင်ပို့သော   အာရှနိုင်ငံများမှာ   တရုတ်နိုင်ငံသို့  ဆန်ကွဲ တန်ချိန်  ၂၀၉၆၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၇၇၅၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၇၇၈၀၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၆၇၆၀နှင့် စင်ကာပူနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၀ဝ ခန့် တင်ပို့သည်။ 
ဆန်ကွဲတင်ပို့သော  ဥရောပနိုင်ငံများမှာ ဘယ်လ်ဂျီယံ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၄၉၂၀ ကျော်၊  ယူနိုက်တက်ကင်းဒမ်း သို့ ဆန်ကွဲတန်ချိန် ၅၆၂၀ ကျော်၊ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၃၇၅၀၊ ပိုလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၂၅၀၊ အန်ဒိုရာ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၀၄၀၊ ချက်သမ္မတနိုင်ငံသို့ ဆန်ကွဲတန် ချိန် ၇၇၈ တန်၊ ပြင်သစ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၅၀ နှင့် ဂျာမနီ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၀ ကျော် တင်ပို့သည်။ 
ဒီဇင်ဘာလအတွင်း မြန်မာ-တရုတ်  နယ်စပ်ကုန်သွယ်မှု လမ်း ကြောင်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ  ၆၅၉ သန်း တန်ဖိုး ရှိ ဆန်ကွဲတန်ချိန ် ၃၇၉၀ ကျော်  တင်ပို့ခဲ့သည်။ နည်းလမ်း နှစ်သွယ်မှ ဆန်ကွဲတင်ပို့မှု တန်ချိန် စုစုပေါင်း ၉၄၈၂၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၄၁ ဒသမ   ၂၈၂ သန်း ရရှိ ခဲ့သည်။ ယခင်လဆန်ကွဲတန်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်ကွဲတန်ချိန် တစ် သောင်းလေးထောင်ကျော် ပိုမိုတင်ပို့ခဲ့သည်။ ဒီဇင်ဘာလအတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၂၀၈၀၈၀ ကျော်ရှိပြီး   တန်ဖိုး အမေရိ ကန် ဒေါ်လာ ၁၀၄  ဒသမ   ၉၇၄  သန်းရရှိခဲ့သည်။

DAAT