Main menu

Background

ဒီဇင်ဘာလအတွင်းဓာတ်မြေဩဇာတင်သွင်းမှုအခြေအနေ

Mon, 01/15/2024 - 11:17 -- journal_editor

ဓာတ်မြေသြဇာ
ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၅၂ ဒသမ ဝ၉၃ သန်း  တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၁၅၀ဝ၀ဝ ခန့် တင်သွင်းခဲ့သည်။ 
တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တန်ချိန် ၆၁၀ဝ၀ ခန့်၊ အိုမန်နိုင်ငံမှ တန်ချိန် ၅၀ဝ၀ဝ ကျော်၊ ဂျပန်နိုင်ငံမှ တန်ချိန် ၁၂၀ဝ၀ ခန့်၊  ဘာရိန်းနိုင်ငံမှ တန်ချိန် ၈၅၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၆၀ဝ၀ ကျော်၊ ဂျာမနီ နိုင်ငံမှ တန်ချိန် ၃၀ဝ၀ ကျော်၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၂၀ဝ၀ ကျော်၊ တောင်ကိုရီးယားနိုင်ငံမှ တန်ချိန် ၁၅၀ဝခန့်၊ ဘီလာရုစ်နိုင်ငံမှ တန်ချိန် ၈၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၅၀ဝ ခန့်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၇၀ ကျော်၊ အင်ဒိုနီးရှား နိုင်ငံမှ တန်ချိန် ၃၀ ကျော်၊  အိန္ဒိယနိုင်ငံမှ တန်ချိန် ၂၀ ခန့် တင်သွင်းခဲ့ကြောင်း သိရသည်။ 
ဒီဇင်ဘာလအတွင်း  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဓာတ်မြေသြဇာတန်ချိန် အများဆုံး တင်သွင်းခဲ့ကြောင်း သိရ သည်။ အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက ပင်လယ်ရေ ကြောင်းမှ ဓာတ်မြေသြဇာ တန်ချိန် ၈၀ဝ၀ဝ ကျော် ပိုမိုတင် သွင်းခဲ့ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်မှုမှ ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည  ဒသမ ဝ၆၆  သန်း တန်ဖိုးရှိဓာတ် မြေသြဇာတန်ချိန် ၁၀ဝ ကျော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံး ကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်ကုန်သွယ်မှုမှ  ဓာတ်မြေသြဇာ တန်ချိန်၈၀ဝ ကျော်  ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
ဘိလပ်မြေ
ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်ထိ  ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ သုည  ဒသမ ၁၀၇ သန်း တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၆၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် မလေးရှား နိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၁၀ဝ ကျော် တင်သွင်းခဲ့ကြောင်းသိရသည်။ 
နယ်စပ်မှ ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်ထိ  ကာလ အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၅၂၂ သန်း တန်ဖိုး ရှိ ဘိလပ်မြေတန်ချိန် ၆၅၀ဝ ခန့် ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက နယ်စပ်မှ  ဘိလပ်မြေ တန်ချိန် ၁၀ဝ၀  ခန့်   ပိုမိုတင်သွင်းခဲ့ ကြောင်း သိရသည်။                              
             

  အိမ့် (DOT)