Main menu

Background

ဒီဇင်ဘာလအတွင်း နို့ဆီ၊ နို့မှုန့်နှင့်ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Mon, 01/15/2024 - 11:18 -- journal_editor

နို့ဆီ
ဒီဇင်ဘာလ ၁ရက်မှ ၃၁ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅၅ သန်း တန်ဖိုးရှိ နို့ဆီတန်ချိန် ၈၅၀ကျော် တင်သွင်း ခဲ့သည်။ တင်သွင်းမှုများအနေဖြင့် မလေးရှားနိုင်ငံမှ တန်ချိန် ၄၀ဝကျော်၊ စင်ကာပူနိုင်ငံမှ တန်ချိန် ၄၀ဝ ခန့် တင်သွင်းခဲ့ သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေ ကြောင်းမှ နို့ဆီတန်ချိန် ၃၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
နို့မှုန့်
ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်အထိ ကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ  ၂ ဒသမ ၃၁၂ သန်းတန်ဖိုးရှိ နို့မှုန့် တန်ချိန် ၇၀ဝ ကျော် တင် သွင်းခဲ့သည်။  တင်သွင်းမှုများအနေဖြင့် နယူးဇီလန်နိုင်ငံမှ တန်ချိန် ၆၀ဝ ကျော်၊ အိုင်ယာလန်နိုင်ငံမှ တန်ချိန် ၁၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ နို့မှုန့်တန်ချိန် ၃၀ဝ ကျော် လျော့နည်း တင်သွင်းခဲ့ကြောင်း သိရသည်။
ဆေးဝါးပစ္စည်းများ
ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်အထိ  ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၀  ဒသမ ၅၁၉သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၃၀ဝ ကျော်  တင်သွင်းခဲ့သည်။ ယခုတစ်ပတ်တွင် အာဂျင်တီးနား၊ ဘယ်လ်ဂျီယံနိုင်ငံ၊  ဆွစ်ဇာလန်နိုင်ငံ၊   သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊  တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာ လန်နိုင်ငံ၊   ပါကစ္စတန်နိုင်ငံ၊   စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည် ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ  တင်သွင်းခဲ့ကြောင်း သိရ သည်။  အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေ ကြောင်းမှ ဆေးဝါးပစ္စည်းများ တန်ချိန် ၄၀ဝ   ကျော်  လျော့ နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

အိမ့် (DOT)