Main menu

Background

ဒီဇင်ဘာလအတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှုအခြေအနေ

Mon, 01/15/2024 - 11:57 -- journal_editor

ရော်ဘာ
ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ  ၁၃၀ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၂၁၀ဝ ကျော် တင်ပို့ခဲ့သည်။ ရော်ဘာတင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာ တန်ချိန်  ၈၅၇၀ ကျော်၊ မလေးရှားနိုင်ငံသို့  တန်ချိန် ၂၇၉၀ ကျော်နှင့် အိန္ဒိယနိုင်ငံသို့ ရော်ဘာ ၄၁၉ တန်၊ ကိုရီးယားနိုင်ငံ သို့ ရော်ဘာတန်ချိန် ၂၀ဝ ကျော်၊ ဂျပန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၂၀ ကျော် တင်ပို့ခဲ့သည်။ 
ဒီဇင်ဘာလအတွင်း နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၄၀ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၃၅၄၀ ကျော် တင်ပို့သည်။ တင်ပို့မှုများအနေဖြင့် မြန်မာ-တရုတ်  နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ ရော်ဘာ ၂၅၃၉ တန်နှင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ ရော်ဘာ ၁၀ဝ၈ တန်တင်ပို့သည်။ 
နည်းလမ်းနှစ်သွယ်မှ ရော်ဘာတင်ပို့မှု စုစုပေါင်းတန်ချိန် ၁၅၆၅၀ ကျော် တန်ဖိုး  အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၉၇၀ သန်းရရှိသည်။ ယခင်လရော်ဘာတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၉၈၀ဝ ကျော် ပိုမိုတင်ပို့ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ သန်းကျော် ပိုမိုရရှိခဲ့သည်။ 
ပြောင်း
ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၆၂၉၀ ကျော် တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ   ဝ၀၇ သန်း ရရှိခဲ့သည်။ 
ဒီဇင်ဘာလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၁၂သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၅၆၇၀ ကျော် တင်ပို့သည်။ နည်းလမ်းနှစ်သွယ်မှ ပြောင်းတင်ပို့မှု  တန်ချိန် ၃၁၉၆၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၇ဒသမ ၉၁၉ သန်းရရှိသည်။ ယခင်လ ပြောင်းတင်ပို့မှုနှင့်  နှိုင်းယှဉ်ပါက ပြောင်းတန်ချိန် တစ်သောင်းကျော် လျော့နည်းတင်ပို့ခဲ့သည်။                                                                                                      

DAAT