Main menu

Background

ထန်းလျက် စားသောက်ကုန်များကို အမေရိကန်အပါအဝင် ပြည်ပနိုင်ငံအချို့သို့ တင်ပို့ရောင်းချလျက်ရှိ

Mon, 01/15/2024 - 12:19 -- journal_editor

ထန်းလျက်ကို အခြေခံသည့် စားသောက်ကုန်များကို ပြည်ပ နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း မန္တလေးတိုင်းဒေသ ကြီး၊ ညောင်ဦးမြို့နယ်ရှိ ထန်းလျက်စားသောက်ကုန်လုပ်ငန်းမှ သိရ သည်။
အဆိုပါ ထန်းလျက်ကို ဆီးထန်းလျက်၊ချင်းထန်းလျက်၊ မန် ကျည်း ထန်းလျက်၊ အုန်းထန်းလျက်၊ ရှားစောင်းလက်ပပ်  ထန်းလျက် စသည်ဖြင့်  ထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့  တင်ပို့ ရောင်းချနေခြင်းဖြစ်ကြောင်း အဆိုပါ စားသောက်ကုန်လုပ်ငန်းပိုင်ရှင် ဦးမိုးဇော်က ဇန်နဝါရီ ၁၂ ရက်တွင် ပြောသည်။
]]ဖြန့်ချိမှုအနေနဲ့ ပြည်ပနိုင်ငံတွေဖြစ်တဲ့  ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ အမေရိကန်၊    တောင်ကိုရီးယားနိုင်ငံတွေကို   ပို့ပါတယ်။ ပြည်တွင်း ဈေးကွက်အနေနဲ့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပြင်ဦးလွင် အစရှိတဲ့ မြို့ကြီးတွေနဲ့ အနယ်နယ်အရပ်ရပ်ကိုလည်း တင်ပို့ရောင်းချပါတယ်}}ဟု ၎င်းက ပြောသည်။
အဓိက ရောင်းအားအကောင်းဆုံး ထန်းလျက်မှာ အုန်းထန်း လျက်၊ ဆီးထန်းလျက်နှင့် ချင်းထန်းလျက်တို့ဖြစ်သည်ဟု ဆိုသည်။
ယခုကဲ့သို့ ခေတ်နှင့်အညီ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိဘဲ ထန်းလျက် စားသောက်ကုန်များ  ထုတ်လုပ်ခြင်းဖြင့် ထန်းပင်များစွာ ခုတ်လှဲပြီး အပင်အလုံးလိုက် ရောင်းချခြင်းမှ ကာကွယ်နိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းမှလည်း ကာကွယ်နိုင်ကြောင်း သိရ သည်။  ထို့ပြင် ထန်းတောင်သူ (ထန်းတက်သမားများ)နှင့်  မှီခိုမိသားစု များကို ဝင်ငွေပုံမှန်ရှာပေးနိုင်ခြင်း၊ ကျေးရွာရှိ အမျိုးသမီးများ အလုပ် အကိုင် အခြေတကျရှိခြင်း၊ ဝင်ငွေရရှိဖန်တီးပေးနိုင်ခြင်း၊ အလုပ်အကိုင် အသစ်များ ဖန်တီးပေးနိုင်ခြင်း၊ မိရိုးဖလာ ထုတ်လုပ်နေသည့်ပုံစံမှ ပိုမို သန့်ရှင်းသောပုံစံဖြင့် ထန်းလျက်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကိုလည်း ရရှိကြောင်း သိရသည်။
ယင်းအပြင် ထန်းလျက်ကုန်ကြမ်းများကို အသုံးပြုပြီး သစ်သီး များနှင့်ရောစပ်ကာ သစ်သီးယိုများအဖြစ်  ထုတ်လုပ်ရောင်းချခြင်းကို လည်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ သစ်သီးယိုများကိုပြည်တွင်း ဈေးကွက်များသို့ အဓိကထားဖြန့်ဖြူးရောင်းချကြောင်း သိရသည်။
ထိုသို့ ထန်းလျက်အသုံးပြု  စားသောက်ကုန်ပစ္စည်းများ ထုတ် လုပ်ရောင်းချရာတွင် ပြည်တွင်းဖြစ် ထန်းလျက်ကုန်ကြမ်းများကိုအဓိက ထား အသုံးပြုလျက်ရှိကြောင်း သိရသည်။                              

 

ပန်းဆု