Main menu

Background

ပြည်ပသို့ ရေထွက်ကုန် တန်ချိန် သုံးသိန်းခွဲနီးပါး တင်ပို့ထား

Mon, 01/15/2024 - 12:21 -- journal_editor

ယခု ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ဧပြီ လမှ ဒီဇင်ဘာလအထိ    ကိုးလတာ ကာလ အတွင်း ပြည်ပသို့ ရေထွက်ကုန် တန်ချိန် သုံး သိန်းခွဲနီးပါး တင်ပို့ထားကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
ပင်လယ်ရေကြောင်း၊  လေကြောင်းနှင့် နယ်စပ်ထွက်ပေါက်များမှတစ်ဆင့် ရေထွက် ကုန် တန်ချိန် ၃၄၅၀ဝ၀ကျော် တင်ပို့ထားခြင်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅၁၈ သန်းကျော် ရရှိထားကြောင်း သိရသည်။
အမေရိကန်နှင့် ထိုင်းနိုင်ငံသို့ ရေထွက် ကုန် အများဆုံး တင်ပို့ထားခြင်းဖြစ်ကာ အမျိုး အစားအလိုက် တင်ပို့မှုတွင် ငါးအုပ်စုအနေ ဖြင့် တန်ချိန် ၂၁၀ဝ၀ဝ ကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၂၆၂ သန်း  ရရှိထားကာ ပုစွန်အနေဖြင့်   တန်ချိန် ၈၄၃၂ တန် တင်ပို့ ထားပြီး အမေရိကန်ဒေါ်လာ ၃၂ သန်း  ရရှိ ထားကြောင်း သိရသည်။ ထို့ပြင်  ငါး၊ ပုစွန် မဟုတ်သည့် အခြား ရေထွက်ကုန်  တင်ပို့မှုမှာ တန်ချိန် ၁၃၀၅၂၆ ရှိပြီး အမေရိကန်ဒေါ်လာ ၂၂၃ ဒသမ ၇၀၇ သန်း ရရှိ‌ထားကြောင်း သိရသည်။ မြန်မာ့ရေထွက်ကုန်များကို ပုံမှန် ကုန် သွယ်ရေးအဖြစ်   ဂျပန်နှင့် ဥရောပနိုင်ငံများ သို့ တင်ပို့ပြီး တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံ များသို့ ကော့သောင်း၊စစ်တွေ၊ မြိတ် စသည့်   နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တင်ပို့နေခြင်းဖြစ်သည်။  ပြည်ပသို့    ငါးတင်ပို့ မှုတွင်   ငါးသလောက်၊  ကကတစ်၊  ငါးမြစ်ချင်း၊  ငါးခုံးမ၊ ငါးတန် စသည့် ငါးအမျိုးအစား ၂၀ ကျော်ကို   တင်ပို့လျက်ရှိကြောင်း သိရသည်။                    
      

ပန်းဆု