Main menu

Background

မြန်မာ-လာအို ချစ်ကြည်ရေး အရှိန်အဟုန်မြင့်လာမည့် ရွှေတြိဂံကုန်သွယ်ရေး

Mon, 02/05/2024 - 09:33 -- journal_editor

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီ လိတ်မြို့နယ်  ကျိုင်းလပ်မြို့ရှိ မြန်မာ- လာအို   ချစ်ကြည်ရေးတံတား ဖွင့်ပွဲ အခမ်းအနားကို  ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီ ၃၅ မိနစ်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ   မြန်မာနိုင်ငံဘက်မှ  ရှမ်း ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး ချုပ် ဦးအောင်ဇော်အေး  ဦးဆောင်၍ လုံခြုံရေးနှင့်      နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်း ရင်းသားရေးရာဝန်ကြီးတို့  ပါဝင်သော အဖွဲ့ဝင် ၂၁ ဦးနှင့် လာအိုနိုင်ငံဘက်မှ လောင်နမ်သာပြည်နယ်   ဒုပြည်နယ် အုပ်ချုပ်ရေးမှူး   Mr. Sivillay PANKEO ဦးဆောင်သော အဖွဲ့ဝင် ၁၇ ဦးတို့တက် ရောက်ခဲ့ကြသည်။                 လူဝင်/လူထွက်   သွားလာမှုနှင့် ကုန်စည်ကူးသန်းမှုအတွက်   မြန်မာ-လာအို  ချစ်ကြည်ရေးတံတားအား ပြန် လည်ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး   လာအို နိုင်ငံဘက်မှ လာရောက်လည်ပတ်ကြသူ များအား မြန်မာနိုင်ငံဘက်တွင် တာချီ လိတ်မြို့နယ်နှင့်  မိုင်းယောင်းမြို့နယ် များသို့သာ    သွားရောက်ခွင့်ပြုထား ကြောင်း၊   မြန်မာနိုင်ငံဘက်မှ  သွား ရောက်လည်ပတ်ကြသူများအား လာအို နိုင်ငံဘက်တွင် လောင်နမ်သာပြည်နယ်၊ မောင်စင်မြို့၊ မောင်လောင်မြို့၊ ဘိုကီအို ခရိုင်၊ မောင်မီအန်မြို့နှင့် မောင်တောင် ဖောင်မြို့သို့    သွားရောက်ခွင့်ပြုထား ကြောင်း သိရသည်။ 
လာအိုနိုင်ငံဘက်သို့      သွား ရောက်လည်ပတ်သည့်  မြန်မာနိုင်ငံ သား တစ်ဦးလျှင်ကျပ်  ၅၀ဝ ဖြင့်Boder Pass (BP)အား ခွင့်ပြုရက် ၁၃  ညအိပ်  ၁၄  ရက်ခွင့်ပြုပြီး ဖြတ်သန်းခမှာ တစ် ကြိမ်လျှင်  ကျပ် ၃၀ဝ ဖြစ်ကြောင်း၊Temporary Boder Pass (TBP)  အား တစ်ဦးလျှင် ကျပ် ၅၀ဝ ဖြင့် ခွင့်ပြုရက် ခြောက်ညအိပ်  ခုနစ်ရက်  ခွင့်ပြုပြီး ဖြတ်သန်းခမှာ  တစ်ကြိမ်လျှင် ကျပ်  ၅၀ဝ ဖြစ်ကြောင်း သိရသည်။
လာအိုနိုင်ငံမှ လာရောက်လည် ပတ်သူများအား Boder Passတစ်ဦး လျှင် ကျပ် ၂၀ဝ ဖြင့်  ခွင့်ပြုရက် ၁၃ ည အိပ် ၁၄ ရက်ခွင့်ပြုပြီး   Temporary Boder Pass (TBP)အား တစ်ဦးလျှင် ကျပ်  ၂၀ဝ ဖြင့်  ခွင့်ပြုရက် ငါးညအိပ်  ခြောက်ရက်ခွင့်ပြုသည်။      Passport (Visa)ဖြင့် သွားလာသူများအား     သက် တမ်းရှိ (Visa)) ခွင့်ပြုရက်အတိုင်းသာ ခွင့်ပြုပြီး Visaရက် ကျော်လွန်ပါက တစ်ရက်လျှင် သုံးဒေါ်လာ ကောက်ခံ သွားမည်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး ဌာနမှ   ခွင့်ပြုထားသည့် သတ်မှတ် ဧရိယာများအတွင်းသာ  ခွင့်ပြုပေးသွား မည်ဖြစ်သည်။
မြန်မာ-လာအို နယ်နိမိတ်ချင်း ထိစပ်မှုမှာ   ၁၄၇ ဒသမ ၆ မိုင်ရှိပြီး မဲခေါင်မြစ်ကို အသုံးပြု၍ လာအို၊ ထိုင်း နှင့် တရုတ်နိုင်ငံတို့သို့ ရေကြောင်းဖြင့် လည်းကောင်း၊ မြန်မာ-လာအိုချစ်ကြည် ရေးတံတားကို အသုံးပြု၍ လာအိုနိုင်ငံ နှင့် တရုတ်နိုင်ငံသို့ ကုန်းလမ်းဖြင့်လည်း ကောင်း ကုန်သွယ်မှုများ တိုးမြှင့်ဆောင် ရွက်နိုင်မည်ဖြစ်သည်။ မြန်မာ- လာအို နှစ်နိုင်ငံအကြား တိုက်ရိုက်ကုန်သွယ်မှု များသာမက တစ်ဆင့်ဖြတ်သန်း ကုန် သွယ်မှုစနစ်(Transit Trade)ဖြင့် တရုတ်- ဗီယက်နမ်-ဂျပန်  အစရှိသည့် အာရှ-ပစိဖိတ်နိုင်ငံများအထိ တင်ပို့နိုင်ရေး ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။ 
ပင်လယ်ရေကြောင်းကို အသုံးပြု ၍ ပစိဖိတ်သမုဒ္ဒရာမှတစ်ဆင့် မလက္ကာရေ လက်ကြားကိုပတ်ကာ အိန္ဒိယသမုဒ္ဒရာ သို့ ကုန်စည်ပို့ဆောင်ရာတွင် စစ်တွေ-  ကျောက်ဖြူအထိ အနည်းဆုံး လဝက် ခန့် ကြာမြင့်မည်ဖြစ်ပြီး ကျိုင်းလပ်ကုန် သွယ်ရေးစခန်းအား အသုံးပြု၍ လာအို နိုင်ငံမှတစ်ဆင့် ဗီယက်နမ်နိုင်ငံမြောက် ပိုင်းHai Phongဆိပ်ကမ်းသို့ အခြေပြု ပို့ဆောင်ပါက တစ်ပတ်ခန့်သာ ကြာမြင့် မည်ဖြစ်ရာ ကုန်သွယ်မှုမြန်ဆန်ချော မွေ့လာနိုင်မည်ဖြစ်သည်။ 
ချစ်ကြည်ရေးတံတားကြီး  ပြန် လည်ဖွင့်လှစ်ပေးခြင်းဖြင့်    ဒေသနေ ပြည်သူများ၏  လူမှုစီးပွားရေးဘဝများ တိုးတက်လာစေမည်ဖြစ်ပြီး   သဘာဝ ရာသီဥတုအရ စိုက်ပျိုးရေး၊ မွေးမြူရေး ဘက်စုံဆောင်ရွက်နိုင်သည့် ဒေသဖြစ် သဖြင့်  ဒေသထွက်ကုန်များကို တင်ပို့ နိုင်မည့် အားသာချက်ရရှိမည်ဖြစ်သည်။ ထို့အပြင် နှစ်နိုင်ငံအကြား တည်ရှိပြီး ဖြစ်သော ချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် ကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင် ပြီး နှစ်နိုင်ငံလူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။

နယ်စခန်းများညှိနှိုင်းကွပ်ကဲရေးဌာနခွဲ