Main menu

Background

ကရင်ပြည်နယ်ဒေသထွက် မြေပဲအစိုများ မြဝတီဘက်သို့တင်ပို့၊ တောင်သူများ အကျိုးအမြတ်များရရှိ

Mon, 02/05/2024 - 09:54 -- journal_editor

ကရင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် စိုက်ပျိုးသည့်မိုးမြေပဲများ ဒီဇင်ဘာလနှောင်းပိုင်းမှ စတင်ထွက်ရှိကာ ဘားအံမြို့နယ်အတွင်းရှိ မြေပဲရောင်းဝယ်ရေးလုပ်ငန်းရှင်ပွဲရုံများသို့ နေ့စဉ်လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ဇန်နဝါရီလ စတုတ္ထပတ်တွင် မြေပဲအစိုတစ်တင်းလျှင် ပျမ်းမျှ ကျပ် ၃၀ဝ၀ဝ ဈေးနှုန်းဖြင့်  ဝယ်ယူရောင်းဝယ်လျက်ရှိကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးသော  မိုးမြေပဲမှာ တစ်ဧက ပျမ်းမျှအထွက် ၃၅ တင်းထွက်ရှိပြီး တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ် ၆၀ဝ၀ဝ၀ ခန့်ရှိသဖြင့် တစ်ဧက အကျိုးအမြတ်မှာ ကျပ် ၄၀ဝ၀ဝ၀ ခန့်ရရှိသောကြောင့် ယခုနှစ်တွင် တောင်သူများ အကျိုးအမြတ်ပိုမိုရရှိကြောင်းနှင့် အဆိုပါ မြေပဲများအား ဘားအံမှတစ်ဆင့် မြဝတီ၊ ထိုင်းသို့လည်းကောင်း၊ ဘားအံမှ မော်လမြိုင်သို့လည်းကောင်း တင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။
သီးနှံပြက္ခဒိန်အရ ကရင်ပြည်နယ်တွင် မိုးမြေပဲများကို  ဇွန်လနှင့် သြဂုတ်လများတွင် စိုက်ပျိုးကြပြီး စာရင်းဇယားများအရ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စိုက်ဧက ၄၇၈၆ ဧက၊ ရိတ်ဧက ၄၇၈၆ ဧက၊ တစ်ဧကအထွက်တင်း ၃၅ တင်းဖြစ်ကြောင်းနှင့် ပြည်နယ် ချုပ် အထွက်နှုန်းမှာ စုစုပေါင်း ၂၀၇၅၅၁ တင်းဖြစ်ကြောင်း သိရသည်။                                            

 ZAR (DOCA Kayin)