Main menu

Background

တစ်ပတ်အတွင်း ဓာတ်မြေသြဇာ၊ ဘိလပ်မြေနှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှု အခြေအနေ

Mon, 02/05/2024 - 10:19 -- journal_editor

ဓာတ်မြေသြဇာ
ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ   အမေရိကန်ဒေါ်လာ  ၃ ဒသမ ၄၉၈ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၇၅၀ဝ ခန့်  တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၃၅၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၁၃၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၈၀ဝ  ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ တောင်ကိုရီးယားနိုင်ငံမှ တန်ချိန် ၅၀ဝ ခန့်၊  နော်ဝေနိုင်ငံမှ  တန်ချိန် ၄၀ဝ ကျော်၊ ထိုင်ဝမ်မှ တန်ချိန် ၁၅၀ ကျော်နှင့် မလေးရှားနိုင်ငံမှ တန်ချိန် ၁၃၀ ခန့် တင်သွင်းခဲ့ကြောင်းသိရသည်။ အနီးစပ်ဆုံးကာလ နှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဓာတ်မြေသြဇာ တန်ချိန် ၇၀ဝ၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။  

ဘိလပ်မြေ
နယ်စပ်မှ ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၁၁၁ သန်း  တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၁၅၀ဝ ခန့် ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်မှ ဘိလပ်မြေတန်ချိန်  ၅၀ဝ ခန့် ပိုမိုတင်သွင်းခဲ့ကြောင်း သိရ သည်။ 

ဆေးဝါးပစ္စည်းများ 
ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၉၈ သန်းတန်ဖိုးရှိ  ဆေးဝါးပစ္စည်းများ တန်ချိန် ၄၄၀ ကျော် တင်သွင်းခဲ့သည်။ ယခုတစ်ပတ်တွင် အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက် ပရပ်စ်နိုင်ငံ၊  အီကွေဒေါနိုင်ငံ၊  ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန် နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန် နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူ နိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ် ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဆေးဝါး ပစ္စည်းများ တန်ချိန် ၈၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရ သည်။                                                                

 အိမ့်(DOT)