Main menu

Background

ဇန်နဝါရီ စတုတ္ထပတ်တွင် ပြောင်းနှင့် ရော်ဘာတင်ပို့မှု အခြေအနေ

Mon, 02/05/2024 - 11:18 -- journal_editor

ပြောင်း
ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေ‌ကြောင်း ကုန် သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၃၀၇ သန်း တန်ဖိုးရှိ ပြောင်း တန်ချိန် ၇၄၃၅၀ ကျော်တင်ပို့သည်။ ပြောင်းတင်ပို့မှုအနေဖြင့် ထိုင်းနိုင်ငံသို့ပြောင်း တန်ချိန် ၄၇၆၇၀ ကျော်တင်ပို့ပြီး ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန်၂၆၆၇၀ ကျော် တင်ပို့သည်။
ဇန်နဝါရီလ စတုတ္ထပတ်တွင် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု လမ်းကြောင်း မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၇ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၃၃၀ ကျော် တင်ပို့သည်။ နည်းလမ်းနှစ်သွယ်မှ ပြောင်းတင်ပို့မှုစုစုပေါင်းတန်ချိန် ၇၅၆၈၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၆၂၄ သန်းရရှိသည်။ ယခင်တစ် ပတ်ပြောင်းတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ပြောင်းတန်ချိန် တစ်သောင်းကျော် ပိုမိုတင်ပို့ ကြောင်း သိရသည်။
ရော်ဘာ
ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေ‌ကြောင်း ကုန် သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၄၇ သန်းတန်ဖိုးရှိ ရော်ဘာ တန်ချိန် ၆၁၉၀ ကျော်တင်ပို့သည်။ ရော်ဘာတင်ပို့မှုအနေဖြင့် မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၅၆၀၊ တရုတ်နိုင်ငံသို့  ရော်ဘာတန်ချိန် ၃၂၁၀ ကျော်၊ အိန္ဒိယ နိုင်ငံသို့ရော်ဘာ ၂၉၉ တန်ချိန်နှင့် ဂျပန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၂၀ တင်ပို့ ကြောင်း သိရသည်။ ယခင်တစ်ပတ် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာ တင်ပို့နှင့်နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၅၀ဝကျော် ပိုမိုတင်ပို့ခဲ့သည်။   

 

DAAT