Main menu

Background

ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှု အခြေအနေ

Mon, 02/05/2024 - 11:34 -- journal_editor

ဆန်
ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်ထိ ကာလ အတွင်း  ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ  အမေ ရိကန်ဒေါ်လာ ၃၀ ဒသမ ၇၆၁ သန်း တန်ဖိုးရှိ ဆန် တန်ချိန် ၅၃၂၀ဝ ကျော် တင်ပို့ကြောင်း သိရသည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန် ချိန် ၂၇၉၇၀ ကျော်၊ အီးယူအဖွဲ့ဝင်  နိုင်ငံများသို့ ဆန်တန်ချိန် ၂၄၇၃၀ ကျော်နှင့် အာဖရိကနိုင်ငံ ဖြစ်သော မိုဇမ်ဘစ်နိုင်ငံသို့ ဆန်တန်ချိန်  ၅၂၀ တင်ပို့ခဲ့သည်။
အာရှနိုင်ငံများတွင် ဆန်တင်ပို့သော နိုင်ငံ များမှာ  ဖိလစ်ပိုင်နိုင်ငံသို့  ဆန်တန်ချိန် ၅၇၂၀ ကျော်၊  အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၂၀၄၁၀၊ မလေးရှားနိုင်ငံသို့  ဆန်တန်ချိန် ၁၂၂၀ ကျော်၊ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၃၉၀၊ ဟောင်ကောင် သို့ ဆန်တန်ချိန် ၁၃၀ ခန့်၊ သြစတြေးလျနိုင်ငံသို့ ဆန်တန်ချိန် ၅၀ နှင့်  အာရပ်စော်ဘွားများပြည် ထောင်စုသို့ ဆန်တန်ချိန် ၅၀ ကျော် တင်ပို့သည်။ အီးယူအဖွဲ့ဝင် နိုင်ငံများအနက် ဆန်တင်ပို့သော နိုင်ငံများမှာ စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၂၁၆၂၀ ကျော်၊  ဒိန်းမတ်နိုင်ငံသို့  ဆန်တန်ချိန် ၃၀ဝ၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၇၅၀၊ ချက် သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၇၃၀ ကျော်၊  ပိုလန် နိုင်ငံသို့ဆန် ၂၅၀ တန်၊ပေါ်တူဂီနိုင်ငံသို့ ဆန်တန် ချိန်၂၅၀၊ ဟန်ဂေရီနိုင်ငံသို့ ဆန်တန် ချိန် ၅၀ဝ၊ ရိုမေးနီးယားနိုင်ငံသို့ဆန် ၁၂၅ တန်၊ အီတလီနိုင်ငံ သို့ ဆန်တန်ချိန် ၁၀ဝ၊  ဘူလ်ဂေးရီးယားနိုင်ငံနှင့် ဂရိနိုင်ငံသို့ ဆန်တန်ချိန် ၅၀ စီ  အသီးသီးတင်ပို့ သည်။
ဇန်နဝါရီလစတုတ္ထပတ်တွင် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်မှုလမ်းကြောင်းမှ အ‌မေရိကန် ဒေါ်လာ သုည ဒသမ ၆၁၈ သန်း တန်ဖိုးရှိ ဆန် တန်ချိန် ၁၀၉၀ ကျော်တင်ပို့သည်။  နည်းလမ်း နှစ်သွယ်မှ စုစုပေါင်းဆန်တင်ပို့မှုတန်ချိန် ၅၄၂၉၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၃၁ ဒသမ ၃၇၉ သန်းရရှိခဲ့သည်။ ယခင်တစ်ပတ် ဆန်တင်ပို့မှု နှင့်  နှိုင်းယှဉ်ပါက ဆန်တန်ချိန်  သုံးသောင်းကျော် ပိုမိုတင်ပို့ခဲ့သည်။
ဆန်ကွဲ
ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်ထိ ကာလ အတွင်း ပုံမှန် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိ ကန်ဒေါ်လာ ၁၆ ဒသမ ၆၈၅ သန်း တန်ဖိုးရှိ ဆန် ကွဲတန်ချိန် ၃၉၀၃၀ ကျော် တင်ပို့သည်။ ဆန်ကွဲ တင်ပို့မှုအနေဖြင့် ဥရောပနိုင်ငံများသို့ ဆန်ကွဲတန် ချိန် ၂၈၇၅၀ ကျော်  တင်ပို့ပြီး  အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၁၀၂၈၀ ကျော်တင်ပို့သည်။ ဥရောပ နိုင်ငံများသို့ ဆန်ကွဲတင်ပို့မှုများမှာ ဘယ်လ်ဂျီယံ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၆၅၀ဝ ကျော်၊ စပိန်နိုင်ငံ သို့ ဆန်ကွဲ တန်ချိန် ၂၀ဝ၀ နှင့် ယူနိုက်တက်ကင်း ဒမ်းနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၅၀ တင်ပို့သည်။ ဆန်ကွဲတင်ပို့သော အာရှနိုင်ငံများမှာ တရုတ်နိုင်ငံ သို့ ဆန်ကွဲတန်ချိန် ၆၂၁၀ ကျော်၊ ဗီယက်နိုင်ငံသို့ ဆန်ကွဲ ၂၈၀၈ တန်၊  အင်ဒိုနီးရှားနိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၉၁၀၊ စင်ကာပူနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၅၀ မလေးရှားနိုင်ငံသို့  ဆန်ကွဲတန်ချိန် ၈၀ နှင့် ဟောင်ကောင်သို့ အနည်းငယ် တင်ပို့သည်။
ဇန်နဝါရီလစတုတ္ထပတ်တွင် မြန်မာ-တရုတ် နယ်စပ်  ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၃၅၃ သန်း တန်ဖိုးရှိ ဆန်ကွဲ တန်ချိန် ၈၁၅ တန် တင်ပို့သည်။ နည်းလမ်းနှစ်သွယ် မှ  ဆန်ကွဲတင်ပို့မှု   စုစုပေါင်းတန်ချိန် ၃၉၈၄၀ ကျော်ရှိပြီး တန်ဖိုး  အမေရိကန်ဒေါ်လာ ၁၇ ဒသမ ဝ၃၈ သန်းရရှိသည်။
ဇန်နဝါရီလ စတုတ္ထပတ်တွင် ဆန်နှင့်ဆန်ကွဲ တင်ပို့မှု   စုစုပေါင်း တန်ချိန် ၉၄၁၀ဝ ကျော်ရှိ သည်။ ယခင်တစ်ပတ် ဆန်နှင့်ဆန်ကွဲ တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် သုံးသောင်းကျော် ပိုမိုတင်ပို့ ခဲ့ကြောင်း သိရသည်။                               

 

DAAT