Main menu

Background

ဖေဖော်ဝါရီလ တတိယပတ်တွင် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၉၀ဝ၀ဝ ကျော်တင်ပို့

Mon, 03/04/2024 - 09:46 -- journal_editor

ဆန်
ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း ပုံမှန် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၂၀ဝ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၈၁၂၇၀ ကျော် တင်ပို့ခဲ့ ကြောင်း သိရသည်။ ဆန်တင်ပို့မှုအနေဖြင့် အာဖရိကနိုင်ငံများ သို့ ဆန်တန်ချိန် ၄၅၀၅၀ ကျော်၊ အာရှနိုင်ငံများသို့ ဆန် တန်ချိန် ၂၂၄၄၀ ကျော်နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန် တန်ချိန် ၁၃၇၈၀ ကျော် တင်ပို့သည်။
ဆန်တင်ပို့သော အာဖရိကနိုင်ငံများမှာ အိုင်ဗရီကို့စ် နိုင်ငံသို့ ဆန်တန်ချိန် ၂၃၀ဝ၀ ၊ ကင်မရွန်းနိုင်ငံသို့ ဆန်တန် ချိန် ၂၀၂၆၀၊ မိုဇမ်ဘစ်နိုင်ငံသို့ ဆန်တန်ချိန် ၁၅၃၀ ကျော်နှင့် စတိုမီ (ှသေ ွှသာန) နိုင်ငံသို့ ဆန်တန်ချိန် ၂၆၀ တင်ပို့သည်။ အီးယူအဖွဲ့ဝင်နိုင်ငံများ ဆန်တင်ပို့သော နိုင်ငံများမှာ ဘူလ် ဂေးရီးယားနိုင်ငံသို့ ဆန်တန်ချိန် ၆၂၀ဝ၊ ပိုလန်နိုင်ငံသို့ ဆန် တန်ချိန်၃၀၇၀ ကျော်၊ ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန် ၁၂၅၀၊ စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၁၁၅၀၊ ချက်သမ္မတနိုင်ငံသို့  ဆန် တန်ချိန် ၉၀ဝ၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၄၅၀၊ စလို ဗေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၂၆၀၊  ရိုမေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ လစ်သူရေးနီးယားနိုင်ငံသို့ ဆန် ၁၂၅ တန် နှင့် ဟန်ဂေရီနိုင်ငံသို့ ဆန် ၁၂၅ တန် တင်ပို့သည်။ 
အာရှနိုင်ငံများသို့ ဆန်တင်ပို့မှုအနေဖြင့် အင်ဒိုနီးရှား နိုင်ငံသို့ ဆန်တန်ချိန် ၁၇၁၇၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ၃၁၉၈ တန်၊ မလေးရှားနိုင်ငံသို့ ဆန်၁၅၄၈ တန်၊ တရုတ်နိုင်ငံ သို့ ဆန် ၃၉၀ တန်နှင့် ဟောင်ကောင်သို့ ဆန် ၁၃၀ တန်ခန့် တင်ပို့ခဲ့သည်။
ဖေဖော်ဝါရီ တတိယပတ်အတွင်း မြန်မာ- တရုတ် ကုန် သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၃၄ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၂၄၀ တင်ပို့ခဲ့သည်။ နည်း လမ်းနှစ်သွယ်မှ စုစုပေါင်း ဆန်တင်ပို့မှု တန်ချိန် ၈၁၅၀ဝ ကျော်ရှိပြီး တန်ဖိုး  အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၃၃၄ သန်း ရရှိခဲ့သည်။ ယခင်တစ်ပတ် ဆန်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန်  ခြောက်သောင်းကျော် ပိုမိုတင်ပို့ခဲ့သည်။
ဆန်ကွဲ
ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း ပုံမှန် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၂၇ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၅၈၇၀ ကျော် တင်ပို့ သည်။ ဆန်ကွဲတင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်ကွဲ တန်ချိန်  ၉၄၇၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်ကွဲ တန်ချိန် ၄၄၀ဝ ကျော်နှင့် အာဖရိကနိုင်ငံဖြစ်သော အိုင်ဗရီ ကို့စ်သို့ ဆန်ကွဲတန်ချိန် ၂၀ဝ၀ ကျော်တင်ပို့သည်။ အာရှနိုင်ငံ များသို့ ဆန်ကွဲတင်ပို့မှုများမှာ ဗီယက်နမ်နိုင်ငံသို့ ဆန်ကွဲတန် ချိန် ၄၂၈၀ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်ကွဲတန်ချိန်  ၁၃၅၀ ကျော်၊ တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန်  ၂၇၂၈ တန်၊ ဖိလစ်ပိုင်  နိုင်ငံသို့ ဆန်ကွဲ ၈၅၈ တန်နှင့် အာရပ်စော်ဘွားများ ပြည် ထောင်စုသို့ ဆန်ကွဲ ၂၅၀ တန် တင်ပို့သည်။ 
ဆန်ကွဲတင်ပို့သော အီးယူအဖွဲ့ဝင်နိုင်ငံများမှာ စပိန် နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၀ဝ၀၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲ ၁၆၅၀ တန်၊ ပိုလန်နိုင်ငံသို့ ၂၅၀ တန်၊ အီတလီနိုင်ငံသို့ ၂၅၀ တန်နှင့်  နယ်သာလန်နိုင်ငံသို့ ၂၅၀ တန်  တင်ပို့ခဲ့သည်။ အာဖရိကနိုင်ငံဖြစ်သော  အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၀ဝ၀ တင်ပို့သည်။
ဖေဖော်ဝါရီ   တတိယပတ်အတွင်း  မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ   အမေရိကန်ဒေါ်လာ သုည ဒသမ ၁၀၄ သန်း တန်ဖိုးရှိ ဆန်ကွဲ ၂၃၇ တန် တင်ပို့ သည်။ နည်းလမ်း နှစ်သွယ်မှ ဆန်ကွဲတင်ပို့မှုစုစုပေါင်း တန် ချိန် ၁၆၁၀ဝ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ဝ၃၁ သန်းရရှိသည်။ ယခင်တစ်ပတ် ဆန်နှင့်ဆန်ကွဲ တင်ပို့မှု နှင့်  နှိုင်းယှဉ်ပါက တန်ချိန်ငါးထောင်ကျော်   ပိုမိုတင်ပို့ခဲ့ ကြောင်းသိရသည်။
ဖေဖော်ဝါရီ တတိယပတ်အတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှု စုစုပေါင်းတန်ချိန် ၉၇၆၀ဝ ကျော်ရှိပြီး တန်ဖိုး အမေ ရိကန်ဒေါ်လာ ၅၃ ဒသမ  ၃၆၅ သန်း ရရှိခဲ့သည်။    

 

DAAT