Main menu

Background

တစ်ပတ်အတွင်း ဓာတ်မြေသြဇာ၊ ဘိလပ်မြေနှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Mon, 03/04/2024 - 10:51 -- journal_editor

ဓာတ်မြေသြဇာ
ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၃ ရက်ထိ  ကာလအတွင်း  ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ  ၅ ဒသမ ၈၅၉ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၁၂၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၂၇၀ဝ၀ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၂၀ဝ၀ ကျော်၊ ကနေဒါမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ရုရှား နိုင်ငံမှ တန်ချိန် ၁၂၀ဝ ခန့်၊ နော်ဝေနိုင်ငံမှ တန်ချိန် ၅၀ဝခန့်၊ ဖင်လန်နိုင်ငံမှ တန်ချိန် ၄၀ဝခန့်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၁၀ဝ ကျော်၊ ဥဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၈၀ဝ ကျော်နှင့် ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၅၀ဝကျော် တင်သွင်းခဲ့သည်။ အနီး စပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဓာတ်မြေသြဇာတန်ချိန် ၃၀ဝ၀ဝ ကျော် လျော့နည်းတင်သွင်း ခဲ့ကြောင်း သိရသည်။  
ဘိလပ်မြေ
နယ်စပ်မှ ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၃ ရက်ထိကာလ အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၁၂၁ သန်း တန်ဖိုး ရှိ ဘိလပ်မြေတန်ချိန် ၁၅၀ဝ ခန့် ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ ကြောင်း သိရသည်။ 
ဆေးဝါးပစ္စည်းများ 
ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၃ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၅ ဒသမ ၉၁၁ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၂၅၀ ကျော် တင်သွင်းခဲ့သည်။ ယခုတစ်ပတ်တွင် သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရက်စ်၊ ဂျာမနီနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရ သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေ ကြောင်းမှ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၅၀ ခန့်  ပိုမိုတင်သွင်း ခဲ့ကြောင်း သိရသည်။
နယ်စပ်မှ ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၃ ရက်ထိကာလ အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၃၈၆ သန်း တန်ဖိုး ရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၈၀ဝခန့် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန် ချိန် ၇၀ဝ ကျော်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၁၀ဝ ခန့်တင်သွင်း ခဲ့သည်။ အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက နယ်စပ်မှ ဆေးဝါးပစ္စည်းတန်ချိန် ၄၀ဝ ကျော်  ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။                                    

                  အိမ့် (DOT)