Main menu

Background

ဖေဖော်ဝါရီ တတိယပတ်တွင် ပြောင်းနှင့် ရော်ဘာတင်ပို့မှု အခြေအနေ

Mon, 03/04/2024 - 10:54 -- journal_editor

ပြောင်း
ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၃ ရက်ထိကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၇၇၁ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၁၁၅၄၁၀ ကျော် တင်ပို့သည်။ ပြောင်းတင်ပို့မှုအနေဖြင့် ထိုင်းနိုင်ငံသို့ပြောင်းတန်ချိန် ၈၆၄၃၀ နှင့် ဖိလစ်ပိုင်နိုင်ငံသို့  ပြောင်းတန်ချိန် ၂၈၉၈၀ ကျော် တင်ပို့သည်။
ဖေဖော်ဝါရီလ တတိယပတ်တွင် မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၇၂ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၁၈၀ ကျော် တင်ပို့ သည်။ နည်းလမ်းနှစ်သွယ်မှ ပြောင်းတင်ပို့မှု စုစုပေါင်းတန်ချိန် ၁၁၆၅၉၀ ကျော်ရှိပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၂၉ ဒသမ ဝ၄၃ သန်း တင်ပို့ခဲ့သည်။ 
ရော်ဘာ
ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၃ ရက်ထိ  ကာလအတွင်း ပင်လယ်ရေ‌ကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၅၄၁ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၈၄၃၀ ကျော်တင်ပို့သည်။ ရော်ဘာတင်ပို့မှုအနေဖြင့် တရုတ် နိုင်ငံသို့ ရော်ဘာတန်ချိန် ၅၉၃၀ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀၇၈ တန်ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ တန်ချိန် ၂၀ဝ ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ နှင့် သီရိလင်္ကာနိုင်ငံသို့  ရော်ဘာတန်ချိန် ၂၀ ခန့် တင်ပို့ သည်။
ယခင်တစ်ပတ်  ရော်ဘာတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန်  နှစ်ထောင်ကျော်  ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။                                                          

 

DAAT