Main menu

Background

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 03/04/2024 - 10:55 -- journal_editor

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ဖေဖော်ဝါရီ  ၁၇  ရက်မှ ၂၃ ရက်ထိ လုပ်ငန်းဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၂၀ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၀၄ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၂၄  သန်းဖြစ်သည်။
အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ သုညဒသမ ၅၄၅ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ သုညဒသမ ၇၃၄ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှု ပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၈၉ သန်း လျော့နည်းခဲ့သည်။ ပို့ကုန်ပိုင်းတွင်  ယခင်ပတ်ထက် လိမ္မော်သီး၊ ထော ပတ်သီး၊ ငရုတ်သီးခြောက်၊ စက္ကူဖြတ်စ လျော့နည်းတင်ပို့ခဲ့သော်လည်း ပြောင်း၊ ကော်ဖီစေ့၊ ချဉ်ပေါင်ဖာလာ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ လက် ဖက်ခြောက်၊ ဆိတ်(အရှင်)၊ တံမြက်စည်းတို့ ပိုမိုတင်ပိုခဲ့သည်။
သွင်းကုန်ပိုင်းတွင်  ယခင်ပတ်ထက် ဘိလပ်မြေ၊ လယ်ထွန်စက် များ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ သုတ်ဆေး၊ ပေါလစ်များ၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ တာယာနှင့် ကျွတ်များ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့်  အခြားပစ္စည်းများ ပိုမိုတင်သွင်းခဲ့သော် လည်း မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ ဖန်ဆောက်လုပ် ရေးပစ္စည်းများ၊ စက်ဘီးအပိုပစ္စည်းများ၊ အခြားစက္ကူများ၊ ဆပ်ပြာနှင့် အလှကုန်ပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သည်။          

 အိမ့် (DOT)