မြဝတီကုန်သွယ်ရေးဇုန်၏ ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၃ ရက်ထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၀၆ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၃၀ သန်း ဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၃၆ သန်းဖြစ်သည်။ အနီးစပ်ဆုံးကာလဖြစ်သော ယခင်တစ်ပတ် လုပ်ငန်းဆောင်ရွက်မှု နှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၈၃ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၈၀ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၆၃ သန်းပိုမိုခဲ့သည်။ ယခုတစ်ပတ် ပို့ကုန်ပိုင်းတွင်ပိုမိုခြင်းမှာ သတ္တုတွင်းထွက်ပစ္စည်း အုပ်စု၊ စက်မှုကုန်ချောပစ္စည်းအုပ်စုတို့ တင်ပို့မှုလျော့နည်းခဲ့သော်လည်း လယ်ယာထွက်ပစ္စည်းအုပ်စု၊ ရေထွက်ပစ္စည်းအုပ်စုတို့ တင်ပို့မှုပိုမိုခဲ့ခြင်း ကြောင့်ဖြစ်သည်။ သွင်းကုန်အနေဖြင့် ယခုတစ်ပတ်တွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း အုပ်စု၊ လုပ်ငန်းသုံး ကုန်ကြမ်ပစ္စည်း အုပ်စုတို့ တင်သွင်းမှု လျော့နည်းခဲ့ သော်လည်း လူသုံးကုန်ပစ္စည်းအုပ်စု တင်သွင်းမှု ပိုမိုခဲ့ခြင်းကြောင့်ဖြစ် သည်။
အိမ့် (DOT)