Main menu

Background

တောင်ကိုရီးယားနိုင်ငံသို့ မြန်မာ့ဆား တန်ချိန် ၅၀ဝ၀ ခန့် တင်ပို့ရန် လျာထား

Mon, 03/04/2024 - 11:12 -- journal_editor

ယခု ၂၀၂၄ ခုနှစ်အတွင်း တောင်ကိုရီး ယားနိုင်ငံသို့ မြန်မာ့ဆား  တန်ချိန် ၅၀ဝ၀ ခန့် တင်ပို့ရန်   လျာထားကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းမှ သိရသည်။လက်ရှိတွင်  တောင်ကိုရီးယားနိုင်ငံသို့ မွန်ပြည်နယ်မှထွက်ရှိသည့် ဆားကို အဓိက တင်ပို့နေပြီး နောက်ပိုင်းတွင် ဧရာဝတီတိုင်း မှထွက်ရှိသည့် ဆားကိုလည်း  တင်ပို့ရန် စီစဉ် ထားကြောင်း သိရသည်။အဆိုပါ တောင်ကိုရီးယားနိုင်ငံသို့ ပြီးခဲ့ သည့် ဇန်နဝါရီလအတွင်း  ဆားတန်ချိန် ၅၀ဝ ခန့် တင်ပို့ထားပြီး ယင်းနိုင်ငံတွင် မြန်မာ့ဆား ဈေးကွက်ရှိသည့်အတွက်   ဈေးကောင်းရနေ ကြောင်း သိရသည်။ထို့ကြောင့် ထပ်မံ၍  တန်ချိန် ၃၀ဝ၀ဝ ခန့် တင်ပို့ခွင့်ရရှိပါက  ဧရာဝတီတိုင်းဒေသ ကြီးမှ ထွက်ရှိသည့် ဆားများကိုပါ တင်ပို့သွား မည်ဖြစ်ကြောင်း သိရသည်။လက်ရှိ ဆားဈေးကွက်တွင်  ဆားချော တစ်ပိဿာ  ကျပ် ၂၈၀ အထိ ဈေးနှုန်းရရှိနေပြီး တစ်ပိသာလျှင်  ကျပ် ၅၀ အထိ မြင့်တက်လာ ခဲ့ကာ ဆားကြမ်း တစ်ပိသာလျှင် ၁၇၀ ကျပ် အထိ‌ ဈေးရရှိနေကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးတွင်  လွန်ခဲ့ သည့် ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ် ဆားရာသီ၌ မိုးရွာသွန်းမှုကြောင့် ဆားတန်ချိန်  တစ်သိန်း ခန့်သာ   ထွက်ရှိခဲ့သော်လည်း   ပြီးခဲ့သည့် ၂၀၂၂ -၂၀၂၃ ဆားရာသီတွင်    ရာသီဥတု ကောင်းမွန်မှကြောင့် တန်ချိန်၁၄၂၀ဝ၀ အထိ ထွက်ရှိခဲ့ပြီး ယခု ၂၀၂၃ -၂၀၂၄  ဘဏ္ဍာနှစ် တွင်လည်း  အယ်လ်နီညိုရာသီဥတုကြောင့် အထွက်နှုန်း      ဆက်လက်ကောင်းမွန်နိုင် ကြောင်း သိရသည်။             

 

 ပန်းဆု