Main menu

Background

တရုတ်နိုင်ငံသို့ မြန်မာ့တစ်သျှူးငှက်ပျော တန်ချိန် လေးသိန်းနီးပါး တင်ပို့ထား

Mon, 03/04/2024 - 11:13 -- journal_editor

ကချင်ပြည်နယ်မှ စိုက်ပျိုးထွက်ရှိသည့်  မြန်မာ့တစ်သျှူး ငှက်ပျောများကို တရုတ်နိုင်ငံသို့ တန်ချိန်  လေးသိန်းနီးပါး တင်ပို့ ထားကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၂ - ၂၀၂၃ ကာလတူနှင့်နှိုင်းယှဉ်ပါက  ယခု နှစ်တွင် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်  ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၌ တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတင်ပို့ရန် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၃၂ ခုရှိကြောင်း သိရသည်။တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ်အတွင်း ဧက ခြောက် သောင်းကျော် စိုက်ပျိုးလျက်ရှိပြီး  ကချင်ပြည်နယ်ရှိ  မိုးမောက် မြို့နယ်၊ မံစီမြို့နယ်၊  ရွှေကူမြို့နယ်နှင့်  စစ်ကိုင်းတိုင်းဒေသကြီး ငါးအိုးမြို့နယ်တို့၌ အများဆုံး စိုက်ပျိုးနေခြင်းဖြစ်သည်။ ကံပိုင်တည်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည့် ပို့ကုန်အမယ်များအနက် တစ်သျူးငှက်ပျော တင်ပို့မှု အများဆုံးဖြစ်ပြီး ငှက်ပျောသီး(ရိုးရိုး)ကို  မြန်မာ-ထိုင်းနယ်စပ်မှ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရသည်။         

ပန်းဆု