Main menu

Background

ငှက်ပျောလျှော် တန်ဖိုးမြှင့်ထုတ်ကုန် ပြည်ပကမ်းလှမ်းမှု များလာ

Mon, 03/04/2024 - 11:15 -- journal_editor

မြန်မာနိုင်ငံအတွင်း ထုတ်လုပ်နေသည့်  ငှက်ပျောလျှော် တန်ဖိုး မြှင့်ထုတ်ကုန်များကို ပြည်ပနိုင်ငံအချို့သို့ တင်ပို့နေရပြီး ဈေးကွက်သစ် နိုင်ငံအချို့ကလည်း ဝယ်ယူရန် ကမ်းလှမ်းမှုများရှိလာကြောင်း လုပ်ငန်း ရှင်များဆီက သိရသည်။
ငှက်ပျောလျှော်မှ ထုတ်လုပ်သည့်ပစ္စည်းများကို ထိုင်းနှင့်ကမ္ဘော ဒီးယားနိုင်ငံတို့သို့ တင်ပို့ရောင်းချနေရပြီး လက်ရှိတွင် ဈေးကွက်သစ် အနေဖြင့် ဂျပန်နိုင်ငံက  ကမ်းလှမ်းလာခြင်းဖြစ်ကြောင်း  ငှက်ပျော လျှော်မှနေ၍ အဝတ်အထည်ထုတ်လုပ်နေသည့်လုပ်ငန်းရှင်က မတ်လ ၁ ရက်တွင် ပြောသည်။ ပြည်ပနိုင်ငံတွေက မြန်မာ့ငှက်ပျောလျှော်က ထုတ်တဲ့ အဝတ် အထည်တွေနဲ့ ပုဝါတွေကို ကြိုက်ကြတယ်။ ဒါပေမဲ့ သူတို့မှာသလောက် မပို့နိုင်သေးဘူး။ ကုန်ကြမ်းက  အခက်အခဲမရှိဘူး၊ ပေါတယ်။ အဓိက က လိုသလောက်ထုတ်နိုင်တဲ့စက်  မရှိသေးတာဘဲ။   အစိုးရဘက်က ပံ့ပိုးမှုတွေ၊ နည်းပညာတွေ   ပေးလာမယ်ဆိုရင်တော့  ဈေးကွက်က ပိုကျယ်ပြန့်လာမှာပါဟု ၎င်းက ပြောသည်။
ငှက်ပျောလျှော် တန်ဖိုးမြှင့်ထုတ်ကုန်  ထုတ်လုပ်နိုင်ရန်အတွက် ကုန်ကြမ်းအနေနှင့် အခက်အခဲမရှိသော်လည်း  ချည်ကျစ်ရန်အတွက် စက်ပစ္စည်းကိရိယာများ လိုအပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။ လက်ရှိတွင် အဆိုပါ တန်ဖိုးမြှင့်ထုတ်ကုန်များထဲမှ ညှပ်ဖိနပ်၊ အိတ်၊ ဦးထုပ်နှင့် သော့ချိတ်များကို ပြည်တွင်းဈေးကွက်၌ ရောင်းချနေ ရပြီး အဝတ်အထည် အစများကို  ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ ပြည်တွင်း၌ ရောင်းချလျက်ရှိသည့်ဈေးနှုန်းများမှာ  ငှက်ပျော လျှော် အမျိုးသားစီး ညှပ်ဖိနပ်တစ်ရံလျှင် ကျပ် ၇၀ဝ၀၊ အမျိုးသမီးစီး ညှပ်ဖိနပ်တစ်ရံလျှင် ကျပ် ၅၀ဝ၀၊ လေဒီရှူးတစ်ရံ  ကျပ် ၃၅၀ဝ၀၊ အိတ်တစ်လုံး ကျပ် ၉၀ဝ၀ မှ ၂၀ဝ၀ဝ၊  ဦးထုပ်တစ်လုံး ၁၂၀ဝ၀ ကျပ်၊ သော့ချိတ်တစ်ခု ကျပ် ၅၀ဝ၀ နှင့်  ပိတ်စအိတ်တစ်လုံး ကျပ် ၁၅၀ဝ၀မှ ၃၅၀ဝ၀ အထိ ဈေးရရှိကြောင်း သိရသည်။   ငှက်ပျောချည် အဝတ် အထည်များမှာ အေးမြပြီး ချွေးထွက်နည်း၊  ပေါ့ပါးသည့်အတွက် ပြည်ပ နိုင်ငံများက ကြိုက်နှစ်သက်ကြကြောင်း သိရသည်။             

  ပန်းဆု