Main menu

Background

ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပဲတင်ပို့မှု တန်ချိန် ၃၉၀ဝ၀ ကျော်ရှိ

Mon, 03/04/2024 - 12:12 -- journal_editor

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဖေဖော်ဝါရီလ၁၆ ရက်မှ ၂၃ ရက်အတွင်း မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစင်းငုံ တန်ချိန် ၃၉၃၇၀ ကျော် တင်ပို့ခဲ့သည်။
မတ်ပဲ
မတ်ပဲ တင်ပို့မှုမှာ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄၉၃ သန်းဖိုး တန်ချိန် ၁၂၀ဝ၀ ခန့်ဖြစ်သည်။ ပင်လယ်ရေကြောင်း  ကုန်သွယ်မှုဖြင့်  မတ်ပဲကို အိန္ဒိယနိုင်ငံသို့  တန်ချိန် ၁၀၆၀ဝ၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၆၈၀ ကျော်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၃၃၀ တင်ပို့ခဲ့ပြီး ထိုင်းနိုင်ငံ၊ အင်ဒို နီးရှားနိုင်ငံနှင့် ယူအေအီးနိုင်ငံများသို့ပါ တင်ပို့ခဲ့သည်။
ပဲတီစိမ်း
ပဲတီစိမ်းတင်ပို့မှုမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၄၂၈ သန်းနှင့် တန်ချိန် ၂၀၉၀ဝ ခန့်ဖြစ်သည်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တရုတ်နိုင်ငံသို့ တန်ချိန် ၁၆၀ဝ၀ ခန့် ၊ ဗီယက်နမ်နိုင်ငံ သို့ တန်ချိန် ၃၀၅၀၊ ဖိလစ်ပိုင်နိုင်ငံသို့ ၆၇၅ တန်၊ အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန် ၈၀ဝ၊ မလေးရှားနိုင်ငံ သို့ ၁၈၂ တန် တင်ပို့ခဲ့ပြီး စင်ကာပူနိုင်ငံနှင့် ဂျပန်နိုင်ငံသို့လည်း အနည်းငယ် တင်ပို့ခဲ့သည်။
ပဲစင်းငုံ
ပဲစင်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၄၁ သန်းဖိုး နှင့် တန်ချိန် ၆၅၈၀ တင်ပို့ခဲ့ခြင်းဖြစ်သည်။ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံစုစုပေါင်းမှာ  အမေရိကန်ဒေါ်လာ ၃၁ ဒသမ  ၆၆၂ သန်းဖိုးနှင့် တန်ချိန် ၃၉၃၇၀ ခန့်ရှိခဲ့သည်။                                                      

 CJ