Main menu

Background

မတ်လအတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှု အခြေအနေ

Mon, 04/01/2024 - 10:39 -- journal_editor

ရော်ဘာ
မတ်လ ၁ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း ပုံမှန်ကုန် သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၆၇၂  သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၂၄၆၀ဝ  ကျော်တင်ပို့ခဲ့သည်။ တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ တန်ချိန်၁၆၀၆၀ ကျော်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၅၀ဝ၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၁၂၂၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့  တန်ချိန် ၅၆၀၊ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၉၈၇ တန်၊ ဂျပန်နိုင်ငံသို့  တန်ချိန် ၃၆၀၊ သိရိလင်္ကာနိုင်ငံသို တန်ချိန် ၂၀ဝကျော်၊ ကိုရီးယား နိုင်ငံသို့ တန်ချိန် ၁၀ဝ ကျော်နှင့် ထိုင်ဝမ်သို့လည်း တန်ချိန် ၁၀ဝ ကျော်တင်ပို့ခဲ့သည်။ 
မတ်လ ၁ရက်မှ တတိယပတ်ထိကာလအတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၅၁ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၅၁၀  ကျော် တင်ပို့ခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ ရော်ဘာတင်ပို့မှု စုစုပေါင်း တန်ချိန် ၂၆၁၀ဝ ကျော်ရှိပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၃၅ ဒသမ ၇၂၃ သန်းရရှိကြောင်း သိရသည်။
ပြောင်း
မတ် ၁ ရက်မှ ၂၂ ရက်ထိကာလအတွင်း ပင်လယ်ရေ‌ ကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၅၇  ဒသမ ၄၃၉ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၂၄၇၁၄၀ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် ၁၇၅၂၃၀ ကျော်တင်ပို့ပြီး ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်း ၇၁၉၀၇ တန်တင်ပို့မှုရှိကြောင်း သိရသည်။
မတ်လ ၁ ရက်မှ ၂၂ ရက်ထိကာလအတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁၁  ဒသမ ၁၇၀ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၄၈၇၄၀ ကျော် တင်ပို့မှုရှိကြောင်း သိရသည်။ နည်းလမ်းနှစ်သွယ်မှ ပြောင်း တင်ပို့မှု စုစုပေါင်း တန်ချိန် ၂၉၅၈၈၀ ရှိပြီး တန်ဖိုးအမေရိကန် ဒေါ်လာ ၆၈ ဒသမ ၆၀၉ သန်း ရရှိသည်။            

DAAT