Main menu

Background

မတ်လအတွင်း ပဲတန်ချိန် တစ်သိန်းငါးသောင်းကျော်တင်ပို့

Mon, 04/01/2024 - 10:41 -- journal_editor

ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ မတ်လ ၁ ရက်မှ ၂၂ ရက်ထိကာလအတွင်း မတ်ပဲ ၊  ပဲတီစိမ်း၊  ပဲစင်းငုံ တင်ပို့မှု များမှာ တန်ချိန်  ၁၅၆၇၀ဝ နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၈ ဒသမ ၄၄၈  သန်းဖိုးဖြစ်သည်။
မတ်ပဲ
မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၄၈၈၂၀ ခန့်ဖြစ်ပြီး အမေ ရိကန်ဒေါ်လာ ၄၇ ဒသမ  ၅၀၈ သန်းဖိုးဖြစ်သည်။ နိုင်ငံ အလိုက် တင်ပို့မှုများမှာ  အိန္ဒိယနိုင်ငံသို့ တန်ချိန် ၄၀၈၇၀ ကျော်၊ ပါကစ္စတန်နိုင်ငံသို့ တန်ချိန် ၁၄၀ဝ ၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၁၂၅၀၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၂၅၆၀ ကျော်၊ ထိုင်းနိုင်ငံသို့ တန်ချိန် ၈၇၀ ကျော်၊  ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၈၂၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့ ၂၇၅ တန်နှင့် ယူအေအီးနိုင်ငံများသို့ တန်ချိန် ၄၂၀ ကျော်တင်ပို့ပြီး  ဂျပန် နိုင်ငံ၊ အီးယူနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။
ပဲတီစိမ်း
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပဲတီစိမ်းတင်ပို့မှုမှာ တန်ဖိုး  အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၉၅၉ သန်းဖိုးနှင့် တန်ချိန် ၈၁၇၈၀ ကျော်ဖြစ်သည်။ နိုင်ငံအလိုက် တင်ပို့မှုများ မှာ တရုတ်နိုင်ငံသို့  တန်ချိန် ၆၆၅၆၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၆၃၃၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန်  ၄၃၇၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၁၈၂၀ ကျော်၊ ထိုင်းနိုင်ငံသို့ တန်ချိန်  ၆၂၀ ကျော်၊ ဂျပန်နိုင်ငံသို့ တန်ချိန် ၄၆၀ နီးပါး၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၂၇၀ နီးပါး၊  စင်ကာပူနိုင်ငံသို့ တန်ချိန် ၂၀ဝ၊ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ တန်ချိန် ၁၄၀ ခန့်နှင့် အီးယူနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။ 
ပဲစင်းငုံ 
ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၂၆ ဒသမ ၉၈၁ သန်းတန်ဖိုးရှိ ပဲစင်းငုံတန်ချိန် ၂၆၁၀ဝ ကျော် တင်ပို့ခဲ့ရာ အိန္ဒိယနိုင်ငံသို့  တန်ချိန် ၂၅၇၃၀ ခန့်၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၁၃၀ နှင့် ယူအေအီးနိုင်ငံများ သို့ တန်ချိန် ၂၅၀ တင်ပို့ခဲ့သည်။  မတ်လအတွင်း  မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတန်ချိန် စုစုပေါင်း ၁၅၆၇၀ဝ တင်ပို့ခဲ့ကြောင်း သိရှိရသည်။

CJ