Main menu

Background

ကော်ဖီတန်ချိန်၂၀ဝ၀ ခန့် ပြည်ပတင်ပို့နိုင်ရန် မျှော်မှန်းထား

Mon, 04/01/2024 - 11:15 -- journal_editor

ယခု ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ ကော်ဖီတန်ချိန် ၂၀ဝ၀ ခန့် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ သိရသည်။ အဆိုပါ မျှော်မှန်းချက်အတိုင်း ဆောင်ရွက်နိုင်ရန် အတွက် အသင်းအနေဖြင့် လက်ရှိ၌ လိုအပ်သည့် ပြင်ဆင်မှု များကို လုပ်ဆောင်နေကြောင်း သိရသည်။  အခုက ကော်ဖီခူးဆွတ်တဲ့ ရာသီဆိုတော့ တော်တော် များများမှာလည်း ခူးပြီးနေပြီ။ ပုံမှန်ဆိုရင် ဧပြီ၊ မေ၊ ဇွန်လမှာ ပြည်ပကိုတင်ပို့ပါတယ်။ ပြည်ပဈေးကွက ် ရရှိထားတာက တော့ အာရေဗီးကားကော်ဖီပါ။ ရိုဘတ်စတာကော်ဖီ အမျိုး အစားကတော့ ပြည်တွင်းဈေးကွက်မှာ သုံးစွဲမှုများပါတယ် ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက မတ် ၂၇ ရက်တွင် ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဧပြီ၊ မေနှင့် ဇွန်လများအတွင်းက တရုတ်နှင့် ထိုင်းနိုင်ငံသို့ ကော်ဖီ တန်ချိန် ၁၀ဝ၀ နှင့် ၁၅၀ဝ ကြား တင်ပို့ထားပြီး ပုံမှန်ကုန် သွယ်မှုလမ်းကြောင်းမှလည်း ဥရောပ၊ ဂျပန်၊ တောင်ကိုရီးယား နှင့် အခြား အာရှနိုင်ငံများသို့ ကော်ဖီ တန်ချိန် ၅၀ဝ နှင့် ၈၀ဝ ကြား တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံအတွင်း ကော်ဖီစိုက်ဧက လေး သောင်းဝန်းကျင်ရှိကာ နှစ်စဉ်တန်ချိန် ၈၀ဝ၀ နှင့် တစ်သောင်း ကြားထွက်ရှိကြောင်း သိရသည်။ မြန်မာ့ကော်ဖီ အထွက်တိုး စေရန်အတွက် အသင်းအနေဖြင့် လက်ရှိတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချို၊  ရွာငံနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် စသည့် ဒေသများတွင် ကော်ဖီဇုန်များ သတ်မှတ် ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ ပြည်တွင်း၌ ကော်ဖီစိုက်ပျိုးရေး လုပ်ငန်းများကို ရှမ်း ပြည်နယ်တွင် ဧက ၂၇၀ဝ၀ ဖြင့် အများဆုံး၊ ကရင်ပြည်နယ် တွင် ၁၀ဝ၂၉ ဧကဖြင့် ဒုတိယအများဆုံးနှင့် မန္တလေးတိုင်း ဒေသကြီးတွင် ဧက ၅၀ဝ၀ ကျော်ဖြင့် တတိယအများဆုံး စိုက် ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

 

ပန်းဆု