ဆန်
မေ ၁ရက်မှ ၂၄ ရက်အထိ ကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန် ဒေါ်လာ ၆၉ ဒသမ ၇၀၆ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၂၁၀ဝ၀ ကျော် တင်ပို့ကြောင်း သိရသည်။ ဆန်တင်ပို့မှုများအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၃၇၁၀ဝ ကျော်၊ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၆၃၃၄၀ ကျော်၊ အာဖရိကနိုင်ငံများ ဆန်တန်ချိန် ၂၀၅၈၀ တင်ပို့သည်။
ဆန်အများဆုံးတင်ပို့သော အီးယူအဖွဲ့ဝင်နိုင်ငံများမှာ စပိန်နိုင်ငံသို့ ဆန် တန်ချိန် ၁၆၄၇၀ ကျော်၊ အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၁၃၃၅၀ တန် ၊ ဘယ်လ်ဂျီယံ နိုင်ငံသို့ ဆန်တန်ချိန် ၂၃၅၀၊ ချက်ဇ်နိုင်ငံသို့ ဆန်တန်ချိန် ၁၄၇၈ တန်၊ ပိုလန်နိုင်ငံ သို့ ဆန်တန်ချိန် ၁၃၅၀၊ ဂရိနိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ၊ လစ်သူရေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန် ၅၇၅ တန်၊ ရိုမေးနီးယားနိုင်ငံသို့ ဆန် ၁၀၄ တန်၊ ဟန်ဂေရီနိုင်ငံသို့ ဆန် ၁၂၅ တန်၊ နယ်သာလန်နိုင်ငံသို့ ဆန် ၁၂၅ တန်၊ ခရိုအေးရှားနိုင်ငံ၊ လစ်ဗျားနိုင်ငံနှင့် ဆလိုဗေးနီးယားနိုင်ငံများသို့လည်း အနည်းငယ်တင်ပို့သည်။
အာရှနိုင်ငံများသို့ ဆန်တင်ပို့မှုအနေဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၆၀၄၅၀ ၊ မလေးရှားနိုင်ငံသို့ ဆန် ၁၃၇၅ တန်၊ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၇၈၀၊ ထိုင်ဝမ်သို့ ဆန်တန်ချိန် ၂၅၀၊ ဟောင်ကောင်သို့ ဆန်တန်ချိန် ၂၁၀၊ စင်ကာပူနိုင်ငံသို့ ဆန်တန်ချိန် ၁၅၀ ကျော်နှင့် ဆောဒီအာရေဗျနိုင်ငံသို့ ဆန် ၁၂၅ တန်တင်ပို့သည်။
အာဖရိကနိုင်ငံများဖြစ်သော အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန်တန်ချိန် ၁၂၀ဝ၀၊ ဘာကီနာဖာဆိုနိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ၀၊ ကင်မရွန်းနိုင်ငံသို့ ဆန်တန်ချိန် ၂၄၅၀၊ တိုဂိုသို့ ဆန်တန်ချိန် ၁၀ဝ၀ နှင့် ကွန်ဂိုနိုင်ငံသို့ ဆန်တန်ချိန် ၁၃၀ တင်ပို့ကြောင်း သိရသည်။
မေ ၁ရက်မှ ၂၄ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၂၉ သန်း တန်ဖိုးရှိ ဆန် ၄၀၈ တန် တင်ပို့သည်။ နည်းလမ်းနှစ်သွယ်မှ ဆန်တင်ပို့မှုစုစုပေါင်းတန်ချိန် ၁၂၁၄၀ဝ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၉၃၅ သန်း ရရှိသည်။
ဆန်ကွဲ
မေ ၁ ရက်မှ ၂၄ ရက်အထိ ကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန် ဒေါ်လာ ၂၄ ဒသမ ၈၅၇ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၅၈၈၂၀ ကျော် တင်ပို့ကြောင်း သိရသည်။ ဆန်ကွဲတင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၃၂၄၀ဝ ကျော်၊ အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၂၃၆၀ဝ ကျော် နှင့် အာဖရိကနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၂၈၀ဝ တင်ပို့သည်။ ဆန်ကွဲတင်ပို့သော အီးယူအဖွဲ့ဝင် နိုင်ငံများမှာ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၇၉၇၀ ကျော်၊ အင်္ဂလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၄၇၀ ကျော်၊ အီတလီနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၇၅၀၊ ချက်ဇ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၅၀၊ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၀ဝ ၊ ပိုလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၅၀ နှင့် အမေရိကန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၀ဝ ကျော် တင်ပို့သည်။ အာရှနိုင်ငံများသို့ ဆန်ကွဲတင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံ သို့ ဆန်ကွဲတန်ချိန် ၂၀၁၉၀၊ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၅၆၀၊ ဗီယက် နမ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၁၇၀၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၂၀ နှင့် စင်ကာပူနိုင်ငံသို့ ဆန်ကွဲ ၁၇၅ တန် တင်ပို့သည်။ အာဖရိကနိုင်ငံများဖြစ်သော အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၅၄၀ နှင့် ကွန်ဂိုနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၆၀ တင်ပို့သည်။
မေ ၁ ရက်မှ တတိယပတ်ထိကာလအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်း တန်ချိန် ၁၈၀၂၀ဝ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၇၉၂ သန်း ရရှိသည်။
DAAT