Main menu

Background

မေလအတွင်း ပဲတန်ချိန် တစ်သိန်းလေးသောင်းကျော် တင်ပို့

Mon, 06/03/2024 - 11:10 -- journal_editor

မေ ၁ ရက်မှ ၂၄ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၃၁ ဒသမ ၂၉၆ သန်း တန်ဖိုးရှိ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတန်ချိန် ၁၄၇၁၇၀ခန့် တင်ပို့ခဲ့ ကြောင်းသိရသည်။
မတ်ပဲ
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၄၈၃ သန်းတန်ဖိုးရှိ မတ်ပဲ ၆၆၀၃၆ တန် တင်ပို့ခဲ့ သည်။ မတ်ပဲကို အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ပြီး တန်ချိန် ၅၀ဝ၀ဝ ကျော်တင်ပို့ခဲ့သည်။ အိန္ဒိယနိုင်ငံအပြင် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံ များသို့လည်း တင်ပို့ခဲ့ကြောင်းသိရသည်။
ပဲတီစိမ်း
မေလအတွင်း ပဲတီစိမ်း တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၇၈၇ သန်းဖိုးနှင့် တန်ချိန် ၅၃၆၃၀ ကျော်ဖြစ်သည်။ ပဲတီစိမ်းကို အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်နိုင်ငံနှင့် တရုတ်နိုင်ငံ စသည့်   နိုင်ငံအနှံ့ တင်ပို့ခဲ့ သည်။ 
ပဲစင်းငုံ
ပဲစင်းငုံတင်ပို့မှုမှာ  အမေရိကန်ဒေါ်လာ ၃၂ ဒသမ ဝ၂၆ သန်း တန်ဖိုးနှင့်တန်ချိန် ၂၇၅၀ဝ ကျော်တင်ပို့ခဲ့သည်။ ပဲတီစိမ်းကို အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့ခဲ့သည်။ မေလ အတွင်း မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတင်ပို့မှု တန်ဖိုးမှာ အမေ ရိကန်ဒေါ်လာ ၁၃၁ ဒသမ ၂၉၆ သန်းဖိုးနှင့် တန်ချိန် ၁၄၇၁၇၀ ခန့်တင်ပို့ခဲ့ကြောင်း သိရသည်။

CJ