တာချီလိတ်ကုန်သွယ်ရေးစခန်း၏ မေ ၁၈ ရက်မှ ၂၄ ရက် ထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၅၉ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆၁ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန် ဒေါ်လာ ၃ ဒသမ ၅၂၀ သန်းဖြစ်သည်။
အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၉၂၁ သန်း၊ သွင်းကုန်တွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၈၆၉ သန်း ပိုမိုခဲ့သော ကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၉၀ သန်း ပိုမိုခဲ့သည်။ ယခင်တစ်ပတ်ထက် ပို့ကုန်ပိုင်း တွင် ပိုမိုခြင်းမှာ ကော်ဖီစေ့၊ ငရုတ်သီးခြောက်နှင့် တံမြက်စည်းမွေး တင်ပို့မှု လျော့နည်းခဲ့သော်လည်း ပြောင်း၊ လိမ္မော်သီး၊ ကြက်သွန်နီ၊ ြမေဘူန ှအသညန ဗျသမအနိ ၊ စက္ကူဖြတ်စ၊ ပလတ်စတစ်ဖြတ်စတို့ ပိုမို တင်ပို့ခဲ့သောကြောင့်ဖြစ်သည်။
ယခင်တစ်ပတ်ထက် သွင်းကုန်ပိုင်းတွင် ပိုမိုခြင်းမှာ မော် တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ လျော့နည်းတင်သွင်းခဲ့ သော်လည်း ဘိလပ်မြေ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ စက်ဘီး အပိုပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းများ၊ သုတ်ဆေး၊ ပေါလစ်များ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ အခြားစက္ကူများ၊ ဆေးဝါးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် အခြားပစ္စည်းများ တင်သွင်းမှု ပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။
အိမ့် (DOT)