Main menu

Background

မေလအတွင်း ဓာတ်မြေသြဇာ၊ ဘိလပ်မြေနှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှု အခြေအနေ

Mon, 06/03/2024 - 11:51 -- journal_editor

ဓာတ်မြေသြဇာ
မေ ၁ ရက်မှ ၂၄ ရက်ထိကာလ အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ  အမေရိကန်ဒေါ်လာ  ၅၂ ဒသမ ၂၅၉ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၁၃၀ဝ၀ဝ ကျော်   တင်သွင်းခဲ့ သည်။ တင်သွင်းမှုများအနေဖြင့် အိုမန် နိုင်ငံမှ တန်ချိန် ၇၂၀ဝ၀ ခန့်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၅၀ဝ၀ဝ ခန့် ၊ ရုရှားနိုင်ငံမှ တန်ချိန် ၃၀ဝ၀ကျော်၊ ထိုင်းနိုင်ငံမှ    တန်ချိန် ၂၃၀ဝ ကျော်၊ ဘယ်လ်ဂျီယံနိုင်ငံမှ    တန်ချိန် ၁၈၀ဝ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၂၅၀ဝ ခန့်၊ တောင်ကိုရီးယားနိုင်ငံမှ တန်ချိန် ၂၃၀ဝ ကျော်၊ မလေးရှားနိုင်ငံမှ တန် ချိန် ၄၀ဝ ကျော်၊  ဥဇဘက်ကစ္စတန်နိုင်ငံ မှ တန်ချိန် ၃၀ဝ ကျော်   တင်သွင်းခဲ့ ကြောင်း သိရသည်။ 

ဘိလပ်မြေ
နယ်စပ်မှ မေ ၁ ရက်မှ ၂၄ ရက် ထိကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇၅ သန်း တန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၁၆၀ဝ၀ ကျော် ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ကြောင်း သိရသည်။  

ဆေးဝါးပစ္စည်းများ 
မေ ၁ ရက်မှ ၂၄ ရက်ထိကာလ အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ  အမေရိကန်ဒေါ်လာ ၂၇  ဒသမ ၅၀၁ သန်းတန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၄၀ဝ ခန့် တင်သွင်းခဲ့သည်။ ယခုတစ်ပတ်တွင်   သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊     ဘရာဇီးနိုင်ငံ၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊    ဆိုက် ပရက်စ်၊ ဂျာမနီနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် ထိုင်း နိုင်ငံတို့မှ   တင်သွင်းခဲ့ကြောင်း  သိရ သည်။ 
နယ်စပ်မှ မေ ၁ ရက်မှ ၂၄ ရက် ထိကာလအတွင်း အမေရိကန်ဒေါ်လာ  သုညဒသမ၃၁၃ သန်းတန်ဖိုးရှိ ဆေးဝါး ပစ္စည်းတန်ချိန် ၆၀ဝ ကျော် တင်သွင်းခဲ့ သည်။     တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၁၀ဝ ကျော် တင်သွင်းခဲ့ကြောင်းသိရသည်။ 

အိမ့် (DOT)