Main menu

Background

ဇွန်လအတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၅ သန်းကျော်ရရှိ

Mon, 07/01/2024 - 12:31 -- journal_editor

ဆန်
ဇွန် ၁ ရက်မှ ၂၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန် သွယ်မှုမှ အမေရိကန် ဒေါ်လာ ၄၁ ဒသမ ၈၁၇ သန်း တန်ဖိုးရှိ ဆန်တန် ချိန် ၇၃၉၀ဝ ကျော်တင်ပို့နိုင်ခဲ့သည်။ ဆန်တင်ပို့မှုများအနေဖြင့် အာရှ နိုင်ငံများသို့ ဆန်တန်ချိန် ၂၂၈၃၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန် တန်ချိန် ၂၀၉၆၀ ကျော်၊ အာဖရိကနိုင်ငံဖြစ်သော  မိုဇမ်ဘစ်နိုင်ငံသို့ ဆန် တန်ချိန် ၃၀၁၀ဝ ကျော် တင်ပို့ခဲ့သည်။
ဆန်တင်ပို့မှုအများဆုံး အာရှနိုင်ငံများမှာ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၂၀ဝ၀ဝ ၊ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၂၁၀၊ ဖိလစ်ပိုင်နိုင်ငံ သို့ ဆန်တန်ချိန် ၃၉၀၊ ဟောင်ကောင်သို့ ဆန်တန်ချိန် ၁၅၇ တန်ကျော်၊ ဆော်ဒီအာရေဗီယားနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့လည်း အနည်းငယ် တင်ပို့ ခဲ့သည်။
အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တင်ပို့မှုမှာ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန် ၁၀၁၀ဝ တန်၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၃၆၇၀ ကျော်၊ စပိန်နိုင်ငံ သို့ ဆန်တန်ချိန် ၃၅၀ဝ၊ ချက်စ်သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၁၀၂၀ ကျော်၊ ဂရိနိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ၊ ခရိုအေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ၊  စလိုဗေးနီးယားနိုင်ငံများ ဆန်တန်ချိန်  ၃၃၀ ခန့်၊ အီတလီနိုင်ငံသို့ ဆန် တန်ချိန် ၂၅၀ တန်၊ ဘီလာရုစ်နိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊  ဘယ်လ်ဂျီယံ နိုင်ငံသို့ ဆန်တန်ချိန် ၂၅၀ တန်၊ ပြင်သစ်နိုင်ငံသို့ ဆန်တန်ချိန် ၃၀ဝ၊ လစ်သူရေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၁၅၀၊ ဟန်ဂေရီနိုင်ငံသို့ ဆန် ၁၄၀ တန် တင်ပို့နိုင်ပြီး  အာဖရိကနိုင်ငံဖြစ်သော မိုဇမ်ဘစ်နိုင်ငံသို့ ဆန် တန်ချိန် ၃၀၁၀ဝ ကျော်တင်ပို့ခဲ့သည်။

ဆန်ကွဲ
ဇွန် ၁ ရက်မှ ၂၁ ရက်ထိကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်း ကြောင်းမှ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၄၉၈ သန်းတန်ဖိုးရှိ ဆန်ကွဲ တန်ချိန် ၇၉၆၉၀ ကျော် တင်ပို့ခဲ့သည်။
ဆန်ကွဲတင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်ကွဲတန် ချိန် ၅၃၇၅၀နှင့်  အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၂၅၉၄၀ ကျော် တင်ပို့ သည်။
ဆန်ကွဲတင်ပို့သော အီးယူအဖွဲ့ဝင်နိုင်ငံများမှာ ဘယ်လ်ဂျီယံနိုင်ငံ သို့ ဆန်ကွဲတန်ချိန် ၄၆၈၅၀ ၊ စပိန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၆၀ဝ၀၊ ချက်စ် သမ္မတနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၄၀ဝ၊ အီတလီနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၇၅ တန်၊ အင်္ဂလန်နိုင်ငံသို့ ဆန်ကွဲ ၁၂၅  တန် တင်ပို့သည်။ အာရှနိုင်ငံ များသို့ ဆန်ကွဲတင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၁၆၅၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်ကွဲတန်ချိန်  ၃၈၇၀ ကျော်၊ ဗီယက်နမ် နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၆၀ကျော်၊ စင်ကာပူနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၀ဝ နှင့် မလေးရှားနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၀ ကျော် တင်ပို့ခဲ့သည်။
ဇွန် ၁ ရက်မှ တတိယပတ်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၇၅၂ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၇၆၀ ကျော်တင်ပို့သည်။  နည်းလမ်းနှစ်သွယ်မှ ဆန်ကွဲတင်ပို့မှု  စုစုပေါင်းတန်ချိန် ၈၁၄၅၀ ကျော်ရှိပြီး တန်ဖိုး အမေ ရိကန်ဒေါ်လာ ၃၃ ဒသမ ၂၅ သန်းကျော် ရရှိသည်။
ဇွန် ၁ ရက်မှ ၂၁ ရက်ထိကာလအတွင်း  ဆန်နှင့် ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၁၅၅၃၀ဝ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၇၅ ဒသမ  ဝ၆၇ သန်းရရှိသည်။    

                                               DAAT