Main menu

Background

ဇွန်လအတွင်း ပဲတန်ချိန် တစ်သိန်းနှစ်သောင်းကျော်တင်ပို့

Mon, 07/01/2024 - 12:35 -- journal_editor

ဇွန် ၁ ရက်မှ ၂၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၀၆ ဒသမ ၅၇၂ သန်း တန်ဖိုးရှိ မတ်ပဲ၊ ပဲစင်းငုံ နှင့် ပဲတီစိမ်း တန်ချိန် ၁၂၃၇၉၀ကျော် တင်ပို့ခဲ့သည်။
မတ်ပဲ
မတ်ပဲတင်ပို့မှုမှာ တန်ဖိုးအမေရိကန်ဒေါ်လာ ၄၄ ဒသမ ၃၇၁ သန်းဖိုးနှင့် တန်ချိန် ၄၃၈၃၀ ခန့်ဖြစ်သည်။ မတ်ပဲကို အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့ပြီး တန်ချိန် ၂၈၅၀ဝ နီးပါး တင်ပို့ခဲ့သည်။ ထို့ပြင် ပါကစ္စတန်နိုင်ငံသို့ ၃၆၂၅ တန်၊ ဗီယက်နမ်နိုင်ငံသို့ ၁၃၄၅ တန်၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၁၅၅၀ ခန့်၊  မလေးရှားနိုင်ငံသို့ တန်ချိန် ၉၀ဝ နီးပါး၊ ထိုင်းနိုင်ငံသို့ တန်ချိန် ၁၆၀ဝ၊ ယူအေအီးနိုင်ငံများသို့ တန်ချိန် ၁၇၅၀ အပြင် ဂျပန်နိုင်ငံနှင့် အီးယူနိုင်ငံများသို့လည်း တင်ပို့ ခဲ့သည်။
ပဲစင်းငုံ
ပဲစင်းငုံတင်ပို့မှုမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၃၈၆ သန်းဖိုးနှင့် တန်ချိန် ၁၇၇၇၅ တန်ဖြစ်ပြီး   အိန္ဒိယနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ  တင်ပို့ခဲ့ခြင်းဖြစ်သည်။
ပဲတီစိမ်း
ပဲတီစိမ်းတင်ပို့မှုမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၈၁၅ သန်းဖိုးဖြစ်ပြီး တန်ချိန် ၆၂၁၈၇ တန် တင်ပို့ခဲ့ခြင်းဖြစ်သည်။ ပဲတီစိမ်းကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ပြီး တန်ချိန် ၂၀၈၅၀ ကျော်ဖြစ်သည်။ အလားတူ အီရတ်နိုင်ငံသို့တန်ချိန် ၁၇၀ဝ၀ တင်ပို့ ခဲ့ပြီး ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၁၂၀ဝ၀ ခန့်၊ အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန် ၆၄၀ဝ ကျော်၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၁၂၀ဝ နီးပါး၊ ဖိလစ်ပိုင်နိုင်ငံသို့တန်ချိန် ၁၃၃၀ ကျော်၊ ဂျပန်နိုင်ငံသို့တန်ချိန် ၁၃၀ဝ ခန့်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၈၀ဝ နီးပါး တင်ပို့ခဲ့ပြီး ထိုင်းနိုင်ငံ ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် အီးယူနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။ 
ပင်လယ်ရေကြောင်းမှ  ဇွန်လအတွင်း မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်း စုစုပေါင်းတန်ချိန် ၁၂၃၇၉၀ ကျော်တင်ပို့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၆ ဒသမ ၅၇၂ သန်း ရရှိကြောင်း သိရှိရ သည်။                                                                                    

CJ