Main menu

Background

တာချီလိတ် ကုန်သွယ်ရေးစခန်း၏ တစ်ပတ်အတွင်း ကုန်သွယ်မှု အခြေအနေ

Mon, 07/01/2024 - 15:03 -- journal_editor

တာချီလိတ်ကုန်သွယ်ရေးစခန်း၏  ဇွန် ၁၅ ရက်မှ ၂၁ ရက်ထိ လုပ်ငန်း ဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ  ၅ ဒသမ ၂၃၈  သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၈၂ သန်းဖြစ်၍ ကုန်သွယ်မှု ပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ  ၇ ဒသမ ၆၂၀ သန်း ဖြစ်သည်။
အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ သုည ဒသမ ၃၇၉ သန်းနှင့် သွင်းကုန်တွင် တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ၃၈၅ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှု ပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၇၆၄ သန်း လျော့ နည်းခဲ့သည်။ ပို့ကုန်ပိုင်းတွင် ယခင်ပတ်ထက် လျော့နည်းခြင်းမှာ ပဲတီစိမ်း၊ ကော်ဖီစေ့၊ ကြက်သွန်နီ၊ ငရုတ်သီးခြောက်၊ ြညေေါညေနျန ီငသထငိန နှင့် ပလတ်စတစ်ဖြတ်စ ပိုမိုတင်ပို့ခဲ့သော်လည်း ပြောင်း၊ လိမ္မော်သီး၊ ကြက်သွန်ဖြူ၊ လက်ဖက်ခြောက်၊ နနွင်းတက်၊ ဝဥ၊ ပုစွန်ဖွဲ၊ စက္ကူဖြတ်စ တင်ပို့မှုလျော့နည်းခဲ့ခြင်းကြောင့် ဖြစ်သည်။ 
သွင်းကုန်ပိုင်းတွင် ယခင်ပတ်ထက်လျော့နည်းခြင်းမှာ မော်တော်ယာဉ် နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ လယ်ထွန်စက်များ၊ ဖန်ဆောက်လုပ်ရေး ပစ္စည်းများ၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ၊ အခြား စက္ကူများ၊ ဆေးဝါးပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ ပိုမိုတင်သွင်းခဲ့သော် လည်း ဘိလပ်မြေ၊ လယ်ယာသုံး နောက်တွဲယာဉ်နှင့်အခြားယာဉ်များ၊ စက်နှင့်  စက်ပစ္စည်းများ၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ ဓာတုဗေဒ ချည် ခင်များ၊ သံနှင့်သံမဏိပစ္စည်းများ၊ တာယာနှင့် ကျွတ်များ၊ မီးဖိုချောင်သုံးပစ္စည်း များနှင့် အခြားပစ္စည်းများ လျော့နည်းတင်သွင်းခဲ့ခြင်းကြောင့် ဖြစ်သည်။ 

အိမ့် (DOT)