ဓာတ်မြေသြဇာ
ဇွန် ၁ ရက်မှ ၂၁ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၈၇၄ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၉၀ဝ၀ဝ ကျော် တင် သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှတန်ချိန် ၅၀ဝ၀ဝ ခန့်၊ ဘရူနိုင်းနိုင်ငံမှ တန်ချိန် ၁၁၀ဝ၀ ကျော်၊ အိုမန်နိုင်ငံမှ တန်ချိန် ၇၅၀ဝ ခန့်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၇၂၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၅၅၀ဝ ကျော်၊ တောင်ကိုရီးယားနိုင်ငံမှ တန်ချိန် ၃၂၀ဝ ကျော်၊ ဗီယက်နမ် နိုင်ငံမှ တန်ချိန် ၂၂၀ဝ ကျော်၊ အီဂျစ်နိုင်ငံမှ တန်ချိန် ၂၀ဝ၀ ကျော်၊ ရုရှားနိုင်ငံမှ တန်ချိန် ၁၇၀ဝ ကျော်၊ တူကီယေးနိုင်ငံမှ တန်ချိန် ၂၇၀ ကျော် နှင့် မလေးရှားနိုင်ငံမှတန်ချိန် ၂၀ဝကျော် တင်သွင်းခဲ့သည်။
မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှ ဇွန် ၁ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၀၇ သန်းတန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၁၀ တန် ကျော် ထိုင်း နိုင်ငံမှ တင်သွင်းခဲ့ကြောင်း သိရသည်။
ဘိလပ်မြေ
ဇွန် ၁ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၃၁ သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၂၀ဝ ကျော် တရုတ် ပြည်သူ့သမ္မတနိုင်ငံ မှ တင်သွင်းခဲ့သည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှ ဇွန် ၁ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၃၁ သန်းတန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၂၀ဝ ကျော် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တင်သွင်းခဲ့သည်။
နို့မှုန့်
ဇွန် ၁ ရက်မှ ၂၁ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိ ကန်ဒေါ်လာ သုည ဒသမ ၁၅၃ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်း တန်ချိန် ၁၀ဝ ကျော် နယူးဇီလန်နိုင်ငံ၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့မှ တင်သွင်းခဲ့ သည်။
ဆေးဝါးပစ္စည်းများ
ဇွန် ၁ ရက်မှ ၂၁ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၈၆၂ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ဝ၀ ခန့် တင် သွင်းခဲ့သည်။ ယခုတစ်ပတ်တွင် အာဂျင်တီးနားနိုင်ငံ၊ သြစ တြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရက်စ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အင်ဒို နီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။
အိမ့် (DOT)