Main menu

Background

ဇွန်လအတွင်း ရော်ဘာ၊ ပြောင်းတင်ပို့မှု

Mon, 07/01/2024 - 15:05 -- journal_editor

ရော်ဘာ
ဇွန် ၁ ရက်မှ ၂၁ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၂၂ ဒသမ ၄၃၃ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၅၇၉၀ ကျော်တင်ပို့ကြောင်း သိရသည်။   ရော်ဘာတင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၆၅၃၀ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာ တန်ချိန် ၅၀၈၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၃၈၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ  ၁၆၃၀ ကျော် ၊ အင်ဒို နီးရှားနိုင်ငံသို့ ရော်ဘာ တန်ချိန် ၄၃၀ ကျော်၊ ဘင်္ဂလားဒေရှ့် နိုင်ငံသို့ ရော်ဘာတန်ချိန် ၃၂၀ ခန့်၊ ထိုင်ဝမ်သို့ ရော်ဘာ တန်ချိန် ၄၀ဝ ကျော် တင်ပို့ကြောင်းသိရသည်။
ဇွန် ၁ ရက်မှ တတိယပတ်ထိကာလအတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ ရော်ဘာတန်ချိန် ၂၁၃၀ ကျော်နှင့် မြန်မာ-တရုတ်  နယ်စပ်ကုန်သွယ်မှုလမ်း ကြောင်းမှ ရော်ဘာ ၅၀၇ တန် တင်ပို့သဖြင့် နယ်စပ်ကုန်သွယ် မှုမှ ရော်ဘာတင်ပို့မှု စုစုပေါင်းတန်ချိန် ၂၆၄၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၃၆ သန်းကျော် ရရှိ သည်။နည်းလမ်းနှစ်သွယ်မှ ရော်ဘာတင်ပို့မှုတန်ချိန် ၁၈၄၃၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၂၆၉ သန်း ရရှိသည်။ 
ပြောင်း
ဇွန် ၁ ရက်မှ ၂၁ ရက်ထိကာလအတွင်း ပုံမှန်ကုန်သွယ် မှုလမ်းကြောင်းမှ အမေရိကန်ဒေါ် လာ ၄၇ ဒသမ  ၆၆၅ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၂၀၄၃၉၀ ခန့် တင်ပို့ကြောင်း သိရ သည်။ ပြောင်းတင်ပို့မှုအနေဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန်  ၉၆၃၆၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၅၀၅၅၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ပြောင်းတန်ချိန် ၅၇၄၅၀ နှင့် စင်ကာပူ နိုင်ငံသို့ ပြောင်းတန်ချိန် အနည်းငယ် တင်ပို့သည်။
ဇွန် ၁ ရက်မှ တတိယပတ်ထိကာလအတွင်း မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှု လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ဝ၂၆ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၇၂၅၈၀ ကျော် တင်ပို့သည်။ နည်းလမ်းနှစ်သွယ်မှ ပြောင်းတင်ပို့မှု တန်ချိန် ၂၇၆၉၇၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၆၉၁ သန်းရရှိကြောင်း သိရသည်။                        

  DAAT