Main menu

Background

ဆန် ဇူလိုင် ၁ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၂၄ ဒသမ ၆၂၆ သန်းတန်ဖိုးရှိ ဆန်တန် ချိန် ၄၂၆၀ဝ ခန့် တင်ပို့နိုင်ခဲ့သည်။ ဆန်တင်ပို့မှု များအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၉၇၀ဝ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို

Tue, 08/06/2024 - 14:10 -- journal_editor

ဆန်
ဇူလိုင် ၁ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၂၄ ဒသမ ၆၂၆ သန်းတန်ဖိုးရှိ ဆန်တန် ချိန် ၄၂၆၀ဝ ခန့် တင်ပို့နိုင်ခဲ့သည်။ ဆန်တင်ပို့မှု များအနေဖြင့် အာရှနိုင်ငံများသို့  ဆန်တန်ချိန် ၁၉၇၀ဝ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန် တန်ချိန် ၁၈၂၅၀ ကျော်၊  အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၄၆၃၀ တင်ပို့ခဲ့သည်။
ဆန်တင်ပို့မှုအများဆုံး အာရှနိုင်ငံများမှာ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၂၅၀ဝ၊ တရုတ် နိုင်ငံသို့ ဆန်တန်ချိန် ၅၄၃၀ကျော်၊ မလေးရှားနိုင်ငံ သို့ ဆန်တန်ချိန် ၈၂၀ ကျော်၊    ထိုင်ဝမ်သို့ ဆန် တန်ချိန် ၂၅၀၊  ဟောင်ကောင်သို့ ဆန်တန်ချိန်  ၃၉၀ ခန့်၊ စင်ကာပူနိုင်ငံသို့ ၂၆၀ နှင့် သြစတြေးလျ နိုင်ငံသို့လည်း အနည်းငယ် တင်ပို့ခဲ့သည်။
အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တင်ပို့မှုမှာ ဘယ်လ်ဂျီယံနိုင်ငံသို့  ဆန်တန်ချိန် ၄၇၅၀ တန်၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန်  ၂၆၁၀၊ ပေါ်တူဂီနိုင်ငံ သို့ ဆန်တန်ချိန် ၂၅၀ဝ၊ ချက်ဇ်သမ္မတနိုင်ငံသို့ ဆန် တန်ချိန် ၂၃၈၀၊ နယ်သာလန်နိုင်ငံသို့ ဆန်တန်ချိန် ၁၄၅၀၊ ဆလိုဗေးနီးယားနိုင်ငံသို့ ဆန်တန်ချိန်  ၁၁၆၀၊ စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၇၅၀၊ အီတလီ နိုင်ငံသို့ ဆန်တန်ချိန် ၆၂၀ ကျော်၊ ဟန်ဂေရီနိုင်ငံ သို့ ဆန်တန်ချိန် ၃၀ဝ တန်၊ ဘူလ်ဂေးရီးယားနိုင်ငံ သို့  ဆန်တန်ချိန် ၆၂၀ ကျော်၊ ဆလိုဗက်ကီးယား နိုင်ငံသို့ ဆန်တန်ချိန်၂၅၀၊ ခရိုအေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊  ဂရိနိုင်ငံသို့ ဆန်တန်ချိန် ၂၇၀ ကျော်၊ ပြင်သစ်နိုင်ငံသို့ဆန်တန်ချိန်  ၁၇၀ ကျော် နှင့် ရိုမေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၁၅၀ တင်ပို့ ခဲ့သည်။
အာဖရိကနိုင်ငံများဖြစ်သော ကင်မရွန်း နိုင်ငံသို့ ဆန်တန်ချိန် ၄၀ဝ၀၊ တိုဂိုနိုင်ငံသို့  ဆန် တန်ချိန် ၅၀ဝ နှင့် မိုဇမ်ဘစ်နိုင်ငံသို့ ဆန်တန်ချိန် ၁၃၀ တင်ပိုခဲ့သည်။ ဇူလိုင် ၁ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှု လမ်းကြောင်းမှ  အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၃၀ သန်းတန်ဖိုးရှိဆန် ၄၁၅၅ တန် တင်ပို့ခဲ့ပြီး နည်းလမ်းနှစ်သွယ်မှ ဆန်တင်ပို့မှု  စုစုပေါင်း တန်ချိန် ၄၆၇၅၀ ကျော်ရှိခဲ့ကာ တန်ဖိုး အမေရိကန် ဒေါ်လာ ၂၆ဒသမ ၈၅၆ သန်းရရှိခဲ့သည်။
ဆန်ကွဲ
ဇူလိုင် ၁ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပုံမှန် ကုန်သွယ်မှု လမ်းကြောင်းမှ အမေရိကန် ဒေါ်လာ ၂၅ ဒသမ ၃၁၈ သန်းတန်ဖိုး  ရှိဆန်ကွဲ တန်ချိန် ၆၃၆၂၀ ကျော် တင်ပို့ခဲ့သည်။
ဆန်ကွဲတင်ပို့မှုအနေဖြင့်  အီးယူအဖွဲ့ဝင် နိုင်ငံများသို့  ဆန်ကွဲတန်ချိန် ၄၉၁၂၀ ကျော်နှင့်  အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၁၄၅၀ဝ ကျော် တင်ပို့သည်။
ဆန်ကွဲတင်ပို့သော  အီးယူအဖွဲ့ဝင် နိုင်ငံ များမှာ နယ်သာလန်နိုင်ငံသို့ တန် ၂၀၂၅၀၊ ဘယ်ဂျီယံနိုင်ငံသို့  တန် ၁၈၀ဝ၀ ၊ အင်္ဂလန်နိုင်ငံသို့  တန် ၁၀၁၂၀ ကျော်၊ အီတလီနိုင်ငံသို့ တန် ၅၀ဝ   နှင့် ချက်စ်သမ္မတနိုင်ငံသို့  တန် ၂၅၀  တင်ပို့ခဲ့သည်။အာရှနိုင်ငံများသို့ ဆန်ကွဲတင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန်  ၁၃၅၉၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ဆန်ကွဲတန်ချိန်  ၅၂၀၊ ဖိလစ်ပိုင် နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၇၀၊  စင်ကာပူနိုင်ငံသို့ ဆန်ကွဲ  ၆၈ တန်နှင့် မလေးရှားနိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၅၀ ကျော် တင် ပို့ခဲ့သည်။ ဇူလိုင် ၁ ရက်မှ ၂၆ ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ   သုည ဒသမ ၆၉၉ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၇၀ဝ ကျော်တင်ပို့သည်။  နည်းလမ်းနှစ်သွယ်မှ  ဆန်ကွဲတင်ပို့မှု စုစုပေါင်း တန်ချိန် ၆၅၃၂၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၂၆ သန်းကျော်ရရှိသည်။ ဇူလိုင် ၁ ရက်မှ ၂၆ ရက်ထိကာလအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၁၁၂၀၇၀ ကျော်ရှိပြီး တန်ဖိုးအမေရိကန် ဒေါ်လာ ၅၃  သန်း ခန့်ရရှိခဲ့သည်။                                      

DAAT