Main menu

Background

မြိတ်ကုန်သွယ်ရေးစခန်း ဇူလိုင်လအတွင်း ကုန်သွယ်မှုအခြေအနေ

Tue, 08/06/2024 - 14:11 -- journal_editor

မြိတ်ကုန်သွယ်ရေးစခန်း၏   ဇူလိုင်လ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ သန်း၊ သွင်းကုန်တန်ဖိုး အမေ ရိကန် ဒေါ်လာ ၈ သန်း၊ ကုန်သွယ် မှုပမာဏမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈ သန်းဖြစ်ပြီး အမှန်ဆောင်ရွက်မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇ သန်း၊ သွင်းကုန်တန်ဖိုး  အမေရိကန်ဒေါ်လာ ၁၁ဒသမ ၈၁၉ သန်း ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၈၂၆ သန်း ဆောင်ရွက်ခဲ့၍ လျာထားချက်အပေါ် ၁၀၄ ဒသမ ၅၉ ရာခိုင်နှုန်း ဆောင် ရွက်နိုင်ခဲ့သည်။ 
ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ ၄ ဒသမ ၃၄၅ သန်းနှင့် သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၄၅၀ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေ ဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၉၅ သန်း  ပိုမိုခဲ့ကြောင်း သိရသည်။ 
ပို့ကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ ရေထွက်ကုန်ပစ္စည်းအုပ်စုတွင် ငါး မျိုးစုံ၊ ပုစွန်ငါးအသားလွှာ၊ ကဏန်း၊ ကင်းမွန်တို့ တင်ပို့နိုင်မှုမရှိသော်လည်း လယ်ယာထွက်ကုန်ပစ္စည်းအုပ်စု တင်ပို့နိုင်ခြင်းနှင့် ရေထွက်ပစ္စည်းအုပ်စု တွင် ငါးမှုန့်နှင့်  ငါးကြိတ်သား တင်ပို့မှုပိုမိုခဲ့ခြင်းကြောင့် ဖြစ်သည်။  သွင်းကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ လူသုံးကုန်ပစ္စည်းအုပ်စု တင်သွင်းမှုလျော့ နည်းခဲ့သော်လည်း၊ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအုပ်စု၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းအုပ်စုတို့ ပိုမိုတင်သွင်းနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ 
အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ သုည ဒသမ ၅၈၂ သန်း လျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်း တွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၉၁ သန်း ပိုမိုခဲ့သဖြင့် ကုန် သွယ်မှုပမာဏ တန်ဖိုး အမေရိကန် ၅ ဒသမ ၆၀၉ သန်း ပိုမိုခဲ့ကြောင်း သိရသည်။ ယခင်လထက် ပို့ကုန်ပိုင်းတွင် လျော့နည်းခဲ့ခြင်းမှာ ငါးမှုန့်နှင့် ငါးကြိတ်သား ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း လယ်ယာထွက်ကုန်ပစ္စည်းအုပ်စု တွင် ပြောင်း၊ ရော်ဘာ၊ သီဟိုဠ်စေ့ တင်ပို့နိုင်မှု လျော့နည်းခဲ့ခြင်းနှင့် ကွမ်း သီးတင်ပို့မှု မရှိခြင်းတို့ကြောင့် ပို့ကုန်တန်ဖိုး လျော့နည်းခြင်းဖြစ်သည်။ အနီးစပ်ဆုံးကာလထက် သွင်းကုန်ပိုင်းတွင် ပိုမိုခြင်းမှာ ရင်းနှီးမြှုပ်နှံကုန် ပစ္စည်းအုပ်စု တင်သွင်းမှုလျော့နည်းခဲ့သော်လည်း လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတို့ တင်သွင်းမှု ပိုမိုခဲ့ခြင်းကြောင့် ဖြစ်သည်။
မြိတ်ကုန်သွယ်ရေးစခန်းတွင် ပို့ကုန်အနေဖြင့် ရေထွက်ကုန်ပစ္စည်း ငါးမှုန့်၊  ငါးကြိတ်သား အဓိကတင်ပို့ပြီး သွင်းကုန်အနေဖြင့် စက်သုံးဆီ အဓိကတင်သွင်းပြီး ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းတို့ အနည်းငယ် တင်သွင်းမှုရှိကြောင်း သိရှိရသည်။ 

အိမ့် (DOT)