Main menu

Background

ဇူလိုင်လအတွင်း ဓာတ်မြေသြဇာ၊ ဘိလပ်မြေ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှု အခြေအနေ

Tue, 08/06/2024 - 14:12 -- journal_editor

ဓာတ်မြေသြဇာ
ဇူလိုင် ၁ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ  ၅၃ ဒသမ ၁၄၀ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၁၄၀ဝ၀ဝ ကျော် တင် သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့်  အိုမန်နိုင်ငံမှ တန်ချိန် ၁၀ဝ၀ဝ၀ ခန့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၂၆၀ဝ၀ ကျော်၊ ဂျာမနီနိုင်ငံမှတန်ချိန် ၅၃၀ဝ ကျော်၊ တောင်ကိုရီးယား နိုင်ငံမှ တန်ချိန် ၄၃၀ဝ ကျော်၊ လာအိုနိုင်ငံမှ တန်ချိန် ၂၆၀ဝ ကျော်၊ ဥဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၁၈၀ဝ ကျော်၊ ဘယ်လ် ဂျီယံနိုင်ငံမှ တန်ချိန် ၁၇၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၁၂၀ဝ ကျော်၊ တူကီယေး(တူရကီ)နိုင်ငံမှ တန်ချိန် ၆၀ဝ ကျော်၊ နော်ဝေနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ ဂျပန်နိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်၊ ထိုင်ဝမ်မှ တန်ချိန် ၂၀ဝ ကျော်၊ ဖင်လန်နိုင်ငံမှ တန်ချိန် ၁၀ဝ ကျော်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၂၀ ကျော် တင်သွင်းခဲ့သည်။ 
ဘိလပ်မြေ
ဇူလိုင် ၁ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ  သုည  ဒသမ ၂၄၆ သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၁၂၀ဝ  ကျော်  တင် သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ တန်ချိန် ၇၀ဝ ကျော်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော် တင်သွင်းခဲ့သည်။ 
နယ်စပ်မှ ဇူလိုင် ၁ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည  ဒသမ ၄၈၈ သန်း တန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၆၃၀ဝ ကျော် ထိုင်းနိုင်ငံမှ တင်သွင်း ခဲ့သည်။
နို့မှုန့်
ဇူလိုင် ၁ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ သုည  ဒသမ ၅၆၇ သန်း တန်ဖိုးရှိ  ဆေးဝါးပစ္စည်း တန်ချိန် ၂၄၀ ကျော်  နယူးဇီလန်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့မှ တင်သွင်းခဲ့သည်။ 
ဆေးဝါးပစ္စည်းများ 
ဇူလိုင် ၁ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၃  ဒသမ ၈၃၉ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၂၆၀ဝ  ခန့် တင် သွင်းခဲ့သည်။   ယခုတစ်ပတ်တွင်  အာဂျင်တီးနားနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊  တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရက်စ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အင်ဒိုနီး ရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။                          

အိမ့် (DOT)