သြဂုတ် ၁ ရက်မှ ၂၃ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု နှင့် နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၁၉၃ သန်း တန်ဖိုးရှိ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ တန်ချိန် ၁၀၉၇၀ဝ တန် တင်ပို့ခဲ့ကြောင်း သိရှိရသည်။
ပင်လယ်ရေကြောင်းမှ မတ်ပဲ တင်ပို့မှုအနေဖြင့် တန်ဖိုး အမေရိကန် ဒေါ်လာ ၆၁ ဒသမ ၂၅၅ သန်း နှင့် တန်ချိန် ၆၄၁၀ဝ တန်ခန့်ကို တင်ပို့ခဲ့ပြီး နိုင်ငံအလိုက် တင်ပို့မှုများမှာ အိန္ဒိယ နိုင်ငံသို့ တန်ချိန် ၅၁၄၀ဝ ခန့်၊ ပါကစ္စ တန်နိုင်ငံသို့ တန်ချိန် ၆၈၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၁၃၀ဝ နီးပါး၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၈၁၀၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၇၉၀ ကျော်၊ ထိုင်းနိုင်ငံသို့ တန်ချိန် ၆၅၀၊ ယူအေအီး နိုင်ငံများသို့ တန်ချိန် ၂၃၅၀ တင်ပို့ခဲ့ပြီး ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် အီးယူ နိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။
ပဲတီစိမ်းကို သြဂုတ်လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆၉၀ သန်းဖိုးနှင့်နှင့် တန်ချိန် ၂၄၉၄၀ တင်ပို့ခဲ့သည်။ ပဲတီစိမ်းကို တရုတ်နိုင်ငံ သို့ အများဆုံးတင်ပို့ပြီးတန်ချိန် ၁၁၄၀ဝ နီးပါး၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၆၀၇၀ ကျော်၊ ဂျပန်နိုင်ငံသို့ တန်ချိန် ၂၃၄၀ ခန့်၊ အင်ဒိုနီးရှားနိုင်ငံသို့ တန် ချိန် ၂၉၀ဝ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၈၆၀ ကျော်၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၇၀ဝ ခန့်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၃၅၀ ကျော်တင်ပို့ပြီး ထိုင်းနိုင်ငံ နှင့် အီးယူနိုင်ငံများသို့လည်း တင်ပို့ ခဲ့သည်။
ထို့ပြင် မြန်မာ-တရုတ် နယ်စပ် မှလည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၂၂ သန်း တန်းဖိုးနှင့် ပဲတီစိမ်းတန်ချိန် ၁၆၂၀ ကျော် တင်ပို့ခဲ့သည်။ ပဲစင်းငုံကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၁၂၆ သန်းနှင့်တန်ချိန် ၁၉၀၄၀ခန့်ကို အိန္ဒိယနိုင်ငံသို့ တင်ပို့ခဲ့သည်။
ထို့ကြောင့် သြဂုတ်လအတွင်း မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၂၉၃ သန်းဖိုးရှိ ပဲတန်ချိန် စုစုပေါင်း ၁၀၉၇၀ဝ တန်ဖြစ်ကြောင်း သိရှိရသည်။
CJ