Main menu

Background

ဆန်နှင့် ဆန်ကွဲ တန်ချိန် တစ်သောင်းကျော် တင်ပို့

Mon, 09/02/2024 - 11:27 -- journal_editor

ဆန်
သြဂုတ် ၁ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၈၇၃ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၆၂၁၀ဝ ကျော်တင်ပို့နိုင်ပြီး ဆန် တင်ပို့မှုများ အနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၄၀၇၀ဝ ကျော်၊ အီးယူ အဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၉၇၀ဝ ကျော်၊ အာဖရိကနိုင်ငံ များသို့ ဆန်တန်ချိန် ၁၁၇၀ဝ ကျော် တင်ပို့ခဲ့သည်။
ဆန်တင်ပို့မှုအများဆုံး အာရှနိုင်ငံများမှာ အင်ဒိုနီးရှား နိုင်ငံသို့ ဆန်တန်ချိန် ၂၅၀ဝ၀၊ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၈၂၇၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့  ၆၃၁၀ ကျော်၊ မလေးရှားနိုင်ငံသို့ ဆန် တန်ချိန် ၈၂၀ ၊ စင်ကာပူနိုင်ငံသို့ ၂၀၆ တန်၊ ဟောင်ကောင်သို့ ဆန် ၁၀၃ တန်ခန့် တင်ပို့ခဲ့သည်။
အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တင်ပို့မှုမှာ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန်  ၂၇၀ဝ၊  ချက်သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၁၆၃၀၊ ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန် ၁၂၅၀၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန် တန်ချိန် ၈၀ဝ၊ လစ်သူရေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၉၅၀၊ ပြင်သစ်နိုင်ငံသို့ဆန်တန်ချိန်  ၅၅၀၊ ခရိုအေးရှားနိုင်ငံသို့ ဆန် တန်ချိန် ၃၀ဝ၊ အီတလီနိုင်ငံသို့ ဆန် ၃၇၅ တန်၊ ဟန်ဂေရီနိုင်ငံသို့ ဆန်တန်ချိန် ၂၆၀ တန်၊ ယူနိုက်တက်ကင်းဒမ်းနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀ တန်၊ ဒိန်းမတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၆၀၊ စပိန်နိုင်ငံသို့ ဆန် ၁၇၅ တန်၊ ရိုမေးနီးယားနိုင်ငံသို့ ဆန် ၁၂၅ တန်၊ ဂျာမနီနိုင်ငံသို့ ဆန် ၅၂ တန်နှင့် ဂရိနိုင်ငံသို့ ဆန်တန်ချိန် အနည်းငယ် တင်ပို့ခဲ့ သည်။
အာဖရိကနိုင်ငံများဖြစ်သော ကင်မရွန်းနိုင်ငံသို့ ဆန်တန် ချိန် ၉၅၀ဝ၊ မက်ဒါဂါစကာနိုင်ငံသို့ ဆန်တန်ချိန် ၂၀ဝ၀ နှင့် မိုဇန် ဘစ်နိုင်ငံသို့ ဆန်တန်ချိန် ၂၆၀ တင်ပို့ခဲ့သည်။ သြဂုတ် ၁ ရက်မှ ၂၃ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှု လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၅၄ သန်း တန်ဖိုး ရှိ ဆန်တန်ချိန်၂၈၇၀ ကျော် တင်ပို့ခဲ့ပြီး နည်းလမ်းနှစ်သွယ်မှ ဆန် တင်ပို့မှု  စုစုပေါင်းတန်ချိန် ၆၅၀ဝ၀ ခန့်ရှိခဲ့ကာ တန်ဖိုး အမေရိကန် ဒေါ်လာ ၃၅ ဒသမ  ၄၂၇ သန်း ရရှိခဲ့သည်။
ဆန်ကွဲ
သြဂုတ် ၁ ရက်မှ ၂၃ ရက် ထိကာလအတွင်း ပုံမှန်ကုန်သွယ် မှုလမ်းကြောင်းမှ  အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၆၆၁ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန်  ၅၃၇၀ဝ ကျော် တင်ပို့ခဲ့သည်။
ဆန်ကွဲတင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်ကွဲ တန်ချိန် ၂၉၂၀ဝ ကျော်၊ အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၂၃၈၆၀ ကျော်နှင့်  အာဖရိကနိုင်ငံဖြစ်သော ဆီနီဂေါနိုင်ငံသို့ ဆန်ကွဲတန်ချိန်  ၆၅၀ တင်ပို့သည်။
ဆန်ကွဲတင်ပို့သော အီးယူအဖွဲ့ဝင်နိုင်ငံများမှာ ဘယ်လ် ဂျီယံနိုင်ငံသို့  တန် ၂၆၅၈၀ ကျော်၊ ယူနိုက်တက်ကင်းဒမ်းနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၀ဝ၀ တန်၊ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၀ဝ၊ ချက်သမ္မတနိုင်ငံသို့  ၁၀ဝ တန်နှင့်  နယူးဇီလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် အနည်းငယ်တင်ပို့သည်။ 
အာရှနိုင်ငံများသို့ ဆန်ကွဲတင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန်  ၁၆၂၀ဝ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၅၂၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန်၂၇၈၀ ကျော်၊ ဗီယက် နမ် နိုင်ငံသို့ တန်ချိန် ၁၁၄၀ ကျော်၊ မလေးရှားနိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၁၀၄ တန် ၊ စင်ကာပူနိုင်ငံသို့  ဆန်ကွဲ ၇၇ တန်နှင့် ဟောင် ကောင်သို့ အနည်းငယ် တင်ပို့ခဲ့သည်။ 
သြဂုတ် ၁ ရက်မှ ၂၃ ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၂၇ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန်  ၄၇၀ဝ ကျော် တင်ပို့သည်။  နည်းလမ်းနှစ်သွယ်မှ   ဆန်ကွဲတင်ပို့မှု  စုစုပေါင်းတန်ချိန်  ၅၈၄၀ဝ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅၈၈ သန်းရရှိ သည်။
သြဂုတ် ၁ ရက်မှ ၂၃ ရက်ထိကာလအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှု စုစုပေါင်းတန်ချိန်  ၁၂၃၄၀ဝ ကျော်ရှိပြီး တန်ဖိုး အမေ ရိကန်ဒေါ်လာ ၅၈ ဒသမ ဝ၁၅  သန်းခန့်ရရှိခဲ့သည်။         
 

DAAT