Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်၏ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 09/02/2024 - 11:28 -- journal_editor

 သြဂုတ် ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ဝ၁၆ သန်း၊ သွင်းကုန်တန်ဖိုးအမေ ရိကန် ဒေါ်လာ သုည ဒသမ ၅၉၀ သန်း ကုန်သွယ်မှု ပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၀၆ သန်းဆောင်ရွက်နိုင်ခဲ့ပြီး ယခင်တစ်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်း တွင် တန်ဖိုးအမေရိကန်ဒေါ်လာ   သုည ဒသမ ၆၇၇ သန်းပိုမိုခဲ့သော်လည်း  သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန် ဒေါ်လာ သုညဒသမ ၉၀၈ သန်း လျော့နည်းခဲ့သောကြောင့်  ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၃၁  သန်း လျော့နည်းခဲ့ကြောင်း သိရသည်။
ပို့ကုန်ပိုင်းတွင် ယခင်တစ်ပတ်ထက် ပိုမိုခြင်းမှာ လယ်ယာထွက်ကုန် ပစ္စည်းအုပ်စုတွင် တင်ပို့မှုပိုမိုခဲ့ခြင်းကြောင့် ဖြစ်ပြီး သွင်းကုန်ပိုင်းတွင် ယခင်ပတ်ထက်လျော့နည်းခြင်းမှာ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းအုပ်စုမှ တန်ဖိုး အမေရိကန် ဒေါ်လာ သုညဒသမ ဝ၀၃ သန်း၊ လုပ်ငန်သုံးကုန်ကြမ်းပစ္စည်းအုပ်စုမှ တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၆၇ သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုမှ တန်ဖိုးအမေရိကန်ဒေါ်လာ သုည  ဒသမ ၆၃၈ သန်း တင်သွင်းမှုလျော့နည်း ခဲ့ခြင်းဖြစ်သည်။                                                                                                                              

အိမ့်(DOT)