Main menu

Background

သြဂုတ်လအတွင်း ဓာတ်မြေသြဇာ၊ ဘိလပ်မြေ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှု အခြေအနေ

Mon, 09/02/2024 - 11:32 -- journal_editor

ဓာတ်မြေသြဇာ
သြဂုတ် ၁ ရက်မှ ၂၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ    အမေ ရိကန်ဒေါ်လာ  ၅၀ ဒသမ ၉၂၈ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၁၃၀ဝ၀ဝ ခန့် တင်သွင်း ခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၇၀ဝ၀ဝ ခန့်၊ အိုမန် နိုင်ငံမှ တန်ချိန် ၂၅၅၀ဝ ကျော်၊ လာအိုနိုင်ငံမှ တန်ချိန် ၅၁၀ဝ ကျော်၊ ကနေဒါနိုင်ငံမှ တန်ချိန် ၄၉၀ဝ ကျော်၊ တောင်ကိုရီးယားသမ္မတနိုင်ငံမှ တန်ချိန် ၄၈၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံမှ တန် ချိန် ၄၆၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၄၅၀ဝ ကျော်၊ ဘယ်လ်ဂျီယံနိုင်ငံမှ တန်ချိန် ၃၂၀ဝ ကျော်၊ ဘီလာရုစ်နိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၉၀ဝ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၆၂၀ ကျော်၊ မလေးရှား နိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ ဂျပန်နိုင်ငံမှ တန်ချိန် ၂၅၀ ကျော်၊  ထိုင်ဝမ်မှ တန်ချိန် ၁၂၀ ကျော်၊ စင်ကာပူနိုင်ငံမှတန်ချိန် ၂၀ ကျော် တင်သွင်းခဲ့သည်။ 
နယ်စပ်ကုန်သွယ်မှုမှ သြဂုတ် ၁ ရက်မှ ၂၃ ရက်ထိကာလအတွင်း အမေရိကန်ဒေါ်လာ သုည  ဒသမ ဝ၂၆ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၂၀ ကျော်  ထိုင်းနိုင်ငံ မှ တင်သွင်း ခဲ့သည်။
ဘိလပ်မြေ
သြဂုတ် ၁ ရက်မှ ၂၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ    အမေ ရိကန်ဒေါ်လာ  သုည  ဒသမ ၂၆၉ သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၁၃၀ဝ  ကျော်  တင်သွင်း ခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၈၀ဝ ကျော်၊ မလေး ရှားနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော် တင်သွင်းခဲ့သည်။ 
နယ်စပ်ကုန်သွယ်မှုမှ သြဂုတ် ၁ ရက်မှ ၂၃ ရက်ထိကာလအတွင်း အမေရိကန်ဒေါ်လာ သုည  ဒသမ ၄၂၉ သန်း တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၅၃၀ဝ ကျော် ထိုင်းနိုင်ငံမှ တင်သွင်းခဲ့သည်။
နို့မှုန့်
သြဂုတ် ၁ ရက်မှ ၂၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  အမေ ရိကန်ဒေါ်လာ  ၁  ဒသမ ၆၁၅ သန်း  တန်ဖိုးရှိ နို့မှုန့် တန်ချိန် ၄၇၀ ကျော် တင်သွင်းခဲ့သည်။ နယူးဇီလန်နိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်၊ လစ်သူရေးနီးယားနိုင်ငံသို့ တန်ချိန် ၁၂၀ ကျော်၊ ဘယ်လ်ဂျီယံနိုင်ငံမှ တန်ချိန် ၅၀ ကျော် တင်သွင်းခဲ့သည်။ 
ဆေးဝါးပစ္စည်းများ 
သြဂုတ် ၁ ရက်မှ ၂၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ    အမေ ရိကန်ဒေါ်လာ ၄၆  ဒသမ ၈၈၀ သန်းတန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၇၀ဝ ကျော် တင် သွင်းခဲ့သည်။ ယခုတစ်ပတ်တွင် အာဂျင်တီးနားနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရက်စ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။ 
နယ်စပ်ကုန်သွယ်မှုမှ သြဂုတ် ၁ ရက်မှ ၂၃ ရက်ထိကာလအတွင်း အမေရိကန်ဒေါ်လာ သုည  ဒသမ ၂၈၆ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀  ကျော်  ထိုင်းနိုင်ငံမှ တင်သွင်း ခဲ့သည်။                                                                                                            

 

အိမ့် (DOT)