Main menu

Background

မြိတ်ကုန်သွယ်ရေးစခန်း၏ စက်တင်ဘာလအတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 10/07/2024 - 15:59 -- journal_editor

မြိတ်ကုန်သွယ်ရေးစခန်း၏ စက်တင်ဘာလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ကိုးသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ရှစ်သန်း၊ ကုန်သွယ်မှုပမာဏ မှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ သန်းဖြစ်ပြီး အမှန်ဆောင်ရွက်မှုမှာ ပို့ကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၅ ဒသမ ၉၀၁ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၉၉ သန်း ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅၀ဝ သန်း ဆောင်ရွက်ခဲ့၍ လျာ ထားချက်အပေါ် ၉၁ ဒသမ ၁၈ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သည်။ 
ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၅၄ သန်းနှင့် သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ဝ၀၆ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၆၀ သန်းပိုမိုခဲ့ကြောင်း သိရ သည်။ 
ကာလတူထက် ပို့ကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် ယခင်နှစ် ကာလတူက တင်ပို့နိုင်ခြင်းမရှိသည့် ရော်ဘာနှင့် ကွမ်းသီးတင်ပို့နိုင်ခဲ့ခြင်းနှင့် ရေထွက်ကုန်ပစ္စည်း အုပ်စုတွင် ငါးမှုန့် ပိုမိုတင်ပို့နိုင်ခဲ့ခြင်း၊ သတ္တုတွင်းထွက်အုပ်စုတွင် ခဲသတ္တုတင်ပို့နိုင်ခြင်းနှင့် အခြား ပစ္စည်းအုပ်စုတို့ တင်ပို့နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်းတွင်လည်း ကာလတူထက် ပိုမို ရခြင်းမှာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအုပ်စု၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်း အုပ်စုတို့ တင်သွင်းမှုပိုမိုခြင်းကြောင့် ဖြစ်သည်။
အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၈၇ သန်း လျော့နည်းခဲ့ပြီး သွင်းကုန ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၇၂သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၆၈၅ သန်း ပိုမိုခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလထက် လျော့နည်းရခြင်းမှာ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် ကွမ်းသီး တင်ပို့နိုင်ခဲ့သော်လည်း ပြောင်းနှင့် သီဟိုဠ်စေ့ တင်ပို့နိုင်မှု မရှိခြင်း၊ ရော်ဘာ တင်ပို့မှု လျော့နည်းခဲ့ခြင်းတို့ကြောင့်ဖြစ်ပြီး ရာသီဥတု အခြေအနေ အရ ကုန်ကြမ်းရရှိမှုအခက်အခဲကြောင့် ရေထွက် ကုန်ပစ္စည်း အုပ်စုတွင် ငါးမှုန့်နှင့် ငါးကြိတ်သား တင်ပို့မှုလျော့နည်းခဲ့ခြင်း၊ သတ္တုတွင်း ထွက်အုပ်စုတွင် ခဲသတ္တု တင်ပို့နိုင်မှု လျော့နည်းခဲ့ခြင်းတို့ကြောင့် ပို့ကုန်ပိုင်းတွင် ယခင်လထက် လျော့နည်းရခြင်းဖြစ်သည်။ သွင်းကုန်ပိုင်းတွင် အနီးစပ်ဆုံးကာလထက် ပိုမိုရခြင်းမှာ ရင်းနှီး မြှုပ်နှံမှု ကုန်ပစ္စည်းအုပ်စု၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတို့ တင်သွင်းမှု ပိုမိုခြင်းကြောင့်ဖြစ်သည်။  
မြိတ်ကုန်သွယ်ရေးစခန်းတွင် ပို့ကုန်အနေဖြင့် ရော်ဘာ၊ ငါးမှုန့်၊ ငါးကြိတ်သား အဓိက တင်ပို့ပြီး သွင်းကုန်အနေဖြင့် စက်သုံးဆီ (ဒီဇယ်ဆီ၊ ဓာတ်ဆီ) အဓိက တင်သွင်းပြီး ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းတို့ အနည်းငယ် တင်သွင်းမှုရှိကြောင်း သိရ သည်။                                                                                                                    

 အိမ့်  (DOT)