တာလေ-ကျိုင်းလပ်လမ်းမှတစ်ဆင့် မြန်မာ-လာအို ချစ်ကြည်ရေး တံတားကို ဖြတ်သန်းပြီး လာအိုနိုင်ငံနှင့် ကုန်သွယ်မှုအား ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၄ ရက်မှ စတင်ပြုလုပ်ခဲ့သည်။ ကျိုင်းလပ် ကုန်သွယ်ရေးစခန်းသစ်ကို ၂၀၂၃ ခုနှစ် သြဂုတ် ၂၆ ရက်တွင် မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ စက်မှု နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးတို့က ဦးဆောင်ဖွင့်လှစ်ခဲ့သည်။
မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှုအနေဖြင့် ဆန်၊ ပြောင်း၊ ရော်ဘာ၊ ဆိတ်အရှင်၊ နွားအရှင်နှင့် သိုးအရှင်များအား တင်ပို့နိုင်ခဲ့သည်။ ကျိုင်းလပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆေးရွက်ကြီး ၇၇ တန်၊ ဆီးဆန် ၅၁ တန်၊ ရော်ဘာ ၈၅ တန်၊ ပုစွန်ဖွဲ ၂၁၆၃ တန်ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၉၅ သန်း ပို့ကုန်ဝင်ငွေ ရရှိခဲ့သည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဝဥခြောက် ၄၂ တန်၊ ဆေးရွက်ကြီး ၁၃၂ တန်၊ ရော်ဘာတန်ချိန် ၄၀ တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၂၉၂ သန်းရရှိခဲ့သည်။
နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်ဖြစ်သည့် နိုင်ငံ့စီးပွားမြှင့်တင် နိုင်ရေးအတွက် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပျောက်ကွယ် နေသည့် ပစ္စည်းအမယ်များ ပြန်လည်ရှာဖွေတင်ပို့ခြင်း၊ ပို့ကုန်အမယ်သစ်များ ရှာဖွေတင်ပို့ခြင်းတို့ကို ဝန်ထမ်းများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယခု ဘဏ္ဍာနှစ် စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၂၇၀ဝ၀ တန်ဖိုးရှိ ရော်ဘာ တန်ချိန် ၂၀၊ အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ ၂၉၀ဝ၀ တန်ဖိုးရှိ ရော်ဘာတန်ချိန် ၂၀ တင်ပို့နိုင်ခဲ့၍ ဆက်လက်တင်ပို့နိုင်ရန်လည်း ကြိုးပမ်းဆောင် ရွက်လျက်ရှိသည်။
ရော်ဘာတင်ပို့မည့် ပို့ကုန်လုပ်ငန်းရှင်များအတွက် အလားအလာကောင်း များ ရရှိမည်ဖြစ်ကြောင်းနှင့် ပွင့်လင်းရာသီသို့ ရောက်ရှိပါက ပိုမိုတင်ပို့နိုင်မည်ဖြစ် သဖြင့် ရော်ဘာစိုက် တောင်သူများ၊ ရော်ဘာလုပ်ငန်းရှင်များ၊ ရော်ဘာပို့ကုန် ကုန် သည်များအား လာရောက်ပူးပေါင်း ဆောင်ရွက်နိုင်ပါရန် ကျိုင်းလပ်ကုန်သွယ်ရေး စခန်းမှ ဖိတ်ခေါ်လိုက်ရပါသည်။
ကျိုင်းလပ်ကုန်သွယ်ရေးစခန်း