မြဝတီကုန်သွယ်ရေးဇုန်၏ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက် ထိကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ဒသမ ၂၅၃ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၃၆ သန်း ဖြစ် ၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၃ဒသမ ၁၈၉ သန်းဖြစ် သည်။ အနီးစပ်ဆုံးယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုးအမေရိကန် ဒေါ်လာ သုညဒသမ ဝ၅၀ သန်းပိုမိုခဲ့သော်လည်း သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေ ရိကန် ဒေါ်လာ သုညဒသမ ဝ၆၄ သန်း လျော့နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ဝ၁၄ သန်းလျော့နည်းခဲ့ကြောင်းသိရသည်။ အနီးစပ်ဆုံးထက် ပို့ကုန်ပိုင်းတွင် ပိုမိုတင်ပို့ခဲ့ခြင်းမှာ ရေထွက်ပစ္စည်းအုပ်စု တွင်တင်ပို့မှု လျော့နည်းခဲ့သော်လည်း လယ်ယာထွက်ပစ္စည်းအုပ်စု၊ စက်မှုကုန်ချော ပစ္စည်းအုပ်စုတို့တွင် တင်ပို့မှုပိုမိုခဲ့ခြင်းကြောင့် ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် အနီးစပ်ဆုံးထက် လျော့နည်းခြင်းမှာ ရင်းနှီးမြှုပ်နှံမှုကုန် ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၉၃ သန်းနှင့် လုပ်ငန်း သုံး ကုန်ကြမ်းပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၄၂ သန်း ပိုမိုတင်သွင်းခဲ့သော်လည်း လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန် ဒေါ်လာ သုညဒသမ ၃၉၉ သန်း လျော့နည်း တင်သွင်းခဲ့ခြင့်ကြောင့် ဖြစ်သည်။
အိမ့် (DOT)